Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မွန်ပြည်နယ်ရဲ့ ရေဘေးအတွက် သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံ

ပရဟိတလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်လေ့ရှိပြီး လူအများရဲ့ နာရေးကိစ္စတွေကို ကူညီဆောင်ရွက်လေ့ရှိတဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ယခုအခါမှာလဲ မွန်ပြည်နယ်တခုလုံးရေဘေးဒုက္ခကြုံနေရချိန်မှာတော့ နှစ်ပတ်လည်အလှူအဖြစ် နဲ့ ငွေကျပ် သိန်းတစ်ရာတိတိကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မေတ္တာဖြူ မိသားစုမှ ငွေကျပ်တစ်ဆယ့်တစ်သိန်း၊ သရုပ်ဆောင် ထွန်းကိုကို မှ လည်း ငွေကျပ် ၅သိန်းကျပ်တိတိကို လှူဒါန်းခဲ့ပါတယ်။ အဆိုပါ အလှူပြုတဲ့အကြောင်းအရာ အသေးစိတ်ကို တစ်ဦးချင်းအလိုက် ရေးသားဖော်ပြလိုက်ပါတယ်နော်။

“ ရေဘေးဒုက္ခသည်များကယ်ဆယ်ရေးအတွက် ကျွန်တော်ကျွန်မတို့၏ သြဂုတ်လ(၃၁)ရ က်နေ့တွင်(၃၈ )နှစ်ပြည့်မည်ဖြစ်သော မင်္ဂလာနှစ်အကြို အလှူဒါနကုသိုလ်ကောင်းမှုအဖြစ် ကျွန်တော် ကျော်သူနှင့်ဇနီး ရွှေဇီးကွက် မိသားစုတို့မှ နှစ်ဖက်မိဘများဖြစ်ကြသော ကွယ်လွန်သူ(ဖခင်ဦးဌေးအောင်ဖေ မိခင် ဒေါ်တင်တင်လတ်) နှင့် ဖခင် ဦးစိန်တင် မိခင်ဒေါ်မြသန်းတို့ အပြင် ခင်ပွန်းကြီး(ဆယ်ပါး)တို့အားရည်စူးကာ သိန်းတစ်ရာကျပ်တိတိ(၁၀၀၀၀၀၀၀ိ/-) အား ယနေ့ (၁၁-၈-၂၀၁၉) တနင်္ဂနွေနေ့ တွင်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစုစုအတွက်အမျှ အမျှ အမျှပေးဝေငှပါသည်။သာဓု သာဓု သာဓု ပါခင်ဗျာ။ ကျော်သူ+ရွှေဇီးကွက်”

“ ယနေ့ ရေဘေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်းသား၊K Ambulanc မှ ရုပ်ရှင်သရုပ်ဆောင်မော်ဒယ် ထွန်းကိုကိုနှင့်ထွန်းကိုကိုချစ်သူများမှ အလှူငွေ ငါးသိန်းကျပ်တိတိ(၅၀၀၀၀၀ိ/-) အားစေတနာထက်သန်စွာ လှူဒါန်းခဲ့ပါသည်။ သာဓု သာဓု သာဓုပါခင်ဗျာ။ လှူဒါန်းမှုအစုစုတို့ကြောင့် သက်ရှည်ကျန်းမာသောကကင်းစွာ စီးပွားတိုးတက်ကာ အနုပညာလောကတွင်ယခုထက် အောင်မြင်မှုမှတ်တိုင်များဆွတ်ခူးရပါစေသား”

“ ရေဘေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း BOD အဖွဲ့ဝင်၊မော်တော်ယာဉ်ကော်မတီဥက္ကဌ ဦးရူပနှင့်ဇနီး ဒေါက်တာနှင်းဟေမာန်အောင်၊ သမီး သဒ္ဒါ ဖြူ၊မေတ္တာဖြူ မိသားစုမှ အလှူငွေ တစ်ဆယ့်တစ်သိန်းကျပ်(၁၁၀၀၀၀၀ိ/-)အား လှူဒါန်းခဲ့ပါသည်။သာဓု သာဓု သာဓုပါခင်ဗျာ။ လှူဒါန်း မှုအစုစုတို့ကြောင့် သက်ရှည်ကျန်းမာသောကကင်းစွာ စီးပွားတိုးတက်အောင်မြင်ပါစေသား” လို့ ဆိုပြီးလဲ သူတို့ရဲ့ လှူဒါန်းမှုတွေအပြင် လှူဒါန်းသူတွေအတွက်လဲ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

သြဂုတ်လ (၈)ရက်နေ့ညကစတင်ကာ ရွာသွန်းခဲ့တဲ့ မိုးသည်းထန်မှုကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီးရေလျှံမှုတွေ တောင်ပြိုမှုတွေဖြစ်ပွားခဲ့ပြီး အသေအပျောက်များခဲ့ပါတယ်။ ရေကြီးမှုကြောင့် အိုးမဲ့အိမ်မဲ့တွေလဲ များစွာဖြစ်ခဲ့ရပြီး အစာရေစာနဲ့ အဝတ်အစားများစွာ လိုအပ်နေပြီး ပြန်လည်ထူးထောင်ရေးအတွက်လဲ ဖတ်ရှု့မိသူတွေက လှူဒါန်းနိုင်ကြစေဖို့ မျှဝေပေးသွားကြပါဦးနော်။

Source – Kyaw Thu’s fb

(Visited 265 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ