Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မြွေ က သူမကို တောင်ကြောက်ပြီးထွက်ပြေးရတယ် ဆိုတဲ့ ရွှေအိမ်စည်

ပရိသတ်တွေရဲ့ အချစ်ကို များစွာ ရရှိထားတဲ့ အလှမယ်ရွှေအိမ်စည် ဟာ ယခုအချိန်မှာတော့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်နေပါပြီ ။ သူမက တိရိစ္ဆာန်လေးတွေကို လဲ ချစ်တက်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။

ယခုအခါမှာလဲ သူက အသည်းယားစရာ ပို့စ်လေးတစ်ခုကို တင်ခဲ့ပါတယ်။ အဲ့ဒါကတော့ တော်တော်လေးကို လုံးပတ်ကြီးတဲ့ မြွေလေးတစ်ကောင်းကို ကိုင်ကာ ရိုက်ကူးထားတဲ့ ပုံလေးတွေဘဲဖြစ်ပါတယ်။ အဲ့မြွေလေးက သူမကိုကြောက်ပြီး ထွက်တောင်ပြေးနေရတယ်လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ ” The love i have for pythons ♥️💋 Ps: ကိုယ်ကချစ်လို့ ဓာတ်ပုံရိုက်ချင်လို့ ဒါပေမယ့် လိုက်ဆွဲလွန်းအားကြီးလို့မြွေတောင်ထွက်ပြေးတယ်” ဆိုတဲ့ စာသားလေးနဲ့အတူ ပုံလေးကိုပါ ဖော်ပြထားတာဖြစ်ပါတယ်။

အိမ်စည်ကတော့လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့ သူမရဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့ပြီးဖြစ်ရာ ဖက်ရှင်ရှိုးတွေနဲ့ ကြော်ငြာအလှပုံရိပ်တွေကိုလဲ ရိုက်ကူးပုံဖော်လျက်ရှိပါတယ်။ အိမ်စည့်ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ချစ်စရာကောင်းတဲ့ အကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)
Source – shwe eain si’sfb

(Visited 359 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ