Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မြို့(၃)မြို့မှာ ထီ(၃)စောင် ပေါက်ခဲ့တဲ့ သူထူးစံ

၂၀၁၉ ခုနှစ်ရဲ့ ပူပူနွေးနွေး အိမ်ထောင်ရှင်လဲဖြစ်၊ ပူပူနွေးနွေး အကယ်ဒမီ ဆုပိုင်ရှင်လဲ ဖြစ်တဲ့ သူထူးစံဟာ မြို့နယ်၃ခုမှာ ထီထိုးခဲ့ပြီး အဆိုပါထီလက်မှတ်တွေကနေ ထီပေါက်၃စောင် ပေါက်ခဲ့တယ်လို့ ဇနီးဖြစ်သူ ထိုက်ဆုဝင်း ရဲ့ ပြောပြချက်တွေအရသိခဲ့ရပါတယ်။ သူထူးစံ ဟာ ယခုနှစ်မှာ အိမ်ထောင်ပြုခဲ့ပြီး နောက် အကယ်ဒမီ ရွှေစင်ရုပ်ထုကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ၂၀၁၉ခုနှစ်ရဲ့ ကံကောင်းသူလို့ ပြောလို့ရပါတယ်။

ဒါတွေအပြင် ဘောလုံးကန်တဲ့ အားကစားဘက်မှာလဲ အသင်းလိုက် ဖလားရခဲ့ပြီး၊ ယခု ဖြစ်တောင့်ဖြစ်ခဲ့ နေရာသနေရာုဖစ်တဲ့ ရန်ကုန်၊ ထောက်ကြန့် နဲ့ မြိတ် တို့ မှာ ထိုးခဲ့တဲ့ ထီလက်မှတ် ၃စောင်ကနေ ထီပါထပ်ပေါက်ခဲ့တာဖြစ်လို့ သူထူးစံဟာ တကယ့်ကို ၂၀၁၉ ခုနှစ်ရဲ့ Lucky Boy လေးဖြစ်နေခဲ့ပါပြီ။

သူထူးစံဟာ မှော်ဝင်သမာန်းကျား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး အဆိုပါဆုနဲ့ ပတ်သက်လို့ ဝေဖန်မှုတစ်ချို့လဲ ရှိနေခဲ့ပါတယ်။ သို့ပေမယ့်လဲ သူထူးစံဟာ အရမ်းကို သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်လက် ဖြစ်သလို သူအနေနဲ့ ရသင့်ရထိုက်တဲ့အချိန်မို့ ရရှိခဲ့တာဖြစ်တယ်လို့လဲ ထင်မိပါတယ်။


Snowpiki(MCC)

(Visited 4982 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ