မြမြ အဖြစ်မြင်တွေ့ရအုံးမယ့် သင်ဇာဝင့်ကျော်

ပြည်သူလူထုကြားမှာ အရမ်းကိုဟော့ဖြစ်ခဲ့တဲ့ မြမြသတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားခဲ့ကြပါတယ် ။ အဆိုပါ ဖြစ်စဉ်ဟာ အမှန်တကယ် ရှိမရှိဆိုတာ မသေချာပေမယ့် ဒါရိုက်တာညိုမင်းလွင်ကတော့ မုဒိမ်းမှုပညာပေးရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားရဲ့ အသက်သွေးကြောဖြစ်တဲ့ မြမြနေရာမှာ သရုပ်ဆောင်မယ့် မင်းသမီးကိုတော့ ယနေ့မှာ ကြေညာပေးခဲ့ပါပြီ။

အဲ့ဒီမင်းသမီးကတော့ တစ်ခြားသူမဟုတ်ပါဘူး ပရိသတ်တွေရဲ့ အချစ်တော် သင်ဇာဝင့်ကျော်ဘဲ ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကမှရုံတင်ပြသခဲ့တဲ့ အချစ်ဆုံး Crush ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်သက်ရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

ယခုအခါမှာ လဲ မြမြရုပ်ရှင်ဇာတ်ကားကြီးမှာ သူမပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်းကို ”၁၀ လပိုင်းမှာသင်ဇာရိုက်မဲ့ ရုပ်ရှင်ကားပါ… ဇာတ်ကားနာမည်က ‘မြ’ ” လို့ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

မြမြ ဆိုတဲ့ဇာတ်ရုပ်ဟာ အမျိုးသား ၃ယောက်ရဲ့ အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက် အသတ် ခံခဲ့ရတဲ့ အမျျိးသမီးတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ သင်ဇာကတော့အကောင်ဆုံးကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာလေးကို သင်ဇာ့ရဲ့ ချစ်တဲ့ပရိသတ်တွေအတွက်ရော ၊မြမြကိုစောင့်မျှော်နေကြတဲ့ ချစ်ပရိသတ်ကြီးအတွက် ရေးသားဖော်ပြပေးခဲ့ပါတယ်။

Source – thinzar wint kyaw’sfb , မြမြ

(Visited 1542 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ