မြမြ ရုပ်ရှင်ဇာတ်ကား ရဲ့ အဓိမင်းသားမှာ ဖြိုးမြတ်အောင် ပါ

မြမြရုပ်ရှင်ဇာတ်ကားဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာပါပြီ။ ဝါရင့်မင်းသမီး တစ်ယောက်နဲ့ သရုပ်ဆောင် မင်းသားသစ်၂ယောက် ၊ လူကြမ်း ၃ယောက်တို့နဲ့ ရိုက်ကူးမှာဖြစ်လို့ အားလုံးက အရမ်းတွေ စိတ်ဝင်စားနေကြပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြမြနေရာမှာ သရုပ်ဆောင်မယ့် မင်းသမီး၊ လူကြမ်းသရုပ်ဆောင် ၃ယောက်နဲ့မင်းသားတစ်ယောက် ကိုတော့ ထုတ်ပြခဲ့ပြီးဖြစ်ပါတယ်။

ယခုထပ်မံထုပ်ပြလိုက်တဲ့ မင်းသားတစ်လတ် ကတော့ ပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသားတေးသံရှင်ဆုပိုင်ရှင်၊ Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင် ဘဲဖြစ်ပါတယ်။ ဖြိုးမြတ်အောင် ဟာ လက်ရှိမှာတော့ သီချင်းတွေတင်မကဘဲ ကြော်ငြာတွေလဲရိုက်ကူးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

သူက မကြာခင်မှာတော့ မြမြရဲ့ မင်းသားအဖြစ်နဲ့ ပါဝင်ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေက ဖြိုးမြတ်အောင်ကို အားပေးလိုက်ကြပါဦးနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ပရိသတ် ကြီးမျှဝေသွားဖို့မမေ့ပါနဲ့နော်။

Source – မြမြ ‘s fb

(Visited 2914 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ