Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မြန်မာအိုက်ဒေါနဲ့ ပရိသတ်တွေကြားက ကွဲလွဲမှုတွေကတော့ စတင်လာပါပြီ

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တစ်ခဲနက်ရရှိထားတဲ့ Myanmar idol season 4 ပြိုင်ပွဲကြီးက တစ်ပတ်ပြီးတစ်ပတ်စိတ်ဝင်စားစရာကောင်းရလောက်အောင်ကို ပရိသတ်တွေကြား အငြင်းပွားမှုတွေပါ ဖြစ်လာခဲ့ပါပြီး ။ယနေ့ည မှာ ထွက်ရှိလာတဲ့ Result ကြောင့် မြန်မာအိုက်ဒေါနဲ့ ပရိသတ်ကြား သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့တာကိုတွေ့ရပါတယ် ။

အဲ့ဒါကတော့ ဒီနေ့ရဲ့ ထွက်ခွာသွားခဲ့ရတဲ့ သူက တန်ခွန်ကျော် ဖြစ်ပြီး သူယှဥ်ပြိုင်ခဲ့တဲ့ သီချင်းကတော့ ဒိုင်တွေအပါအဝင် အားလုံးကသဘောကြ ခဲ့ကြတဲ့ အဆိုရှင် တစ်ယောက်ပါ။ သူ့ကို ပားပေးတဲ့ ပရိသတ်တွေက ပြည်တွင်းမှာသာမဟုတ်လဲ ပြည်ပကနေ အားပေးတဲ့ ပရိသတ်တွေလဲ များပြားခဲ့ပါလျက်နဲ့ ထွက်ရရှိခဲ့ရတာကတော့ ဒိုင်တွေတောင် အံ့သြမင်သက်ခဲ့ရပါတယ်။

ဒါ့အပြင်အားပေးမှုအများဆုံးလို့ ထင်ရတဲ့ အေးမြဖြူ နဲ့ အက်စတာ တို့ကလဲ Bottom 3 မှာ ပါဝင်ခဲ့တာကြောင့် ဒါဟာ လုပ်ဇာတ်ကြီးပါလို့ ဆိုကာ ပရိသတ်တွေရဲ့ဝေဖန်သံတွေက တော်တော်လေးကို ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

တန်ခွန်ကျော် ဟာ Country Week မှာ ရန်ကုန်သားလေးတွေပါ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပြီး Myanmar Idol ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ် ။ သူ့ရဲ့ နှုတ်ဆက်ထွက်ခွာမှုဟာ ဒိုင်တွေကိုတောင် မျက်ရည်ကျစေခဲ့တာဖြစ်ပါတယ်။ တန်ခွန်ကျော် ကတော့ သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သက်ငယ်မုဒိန်းနဲ့ ပတ်သက်တဲ့ တေးသီချင်းကို Goodbye Song အနေနဲ့ အကောင်းဆုံးသီဆို ဖျော်ဖြေသွားနိုင်ခဲ့တာကြောင့် တန်ခွန်ကျော်ရဲ့ ပရိသတ်တွေကတော့ မျက်ရည်တွေနဲ့ ဒီနေ့ညအတွက် စိတ်မကောင်းတွေဖြစ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ မြန်မာအိုက်ဒေါမှာ ပြိုင်ပွဲဝင် ၇ ဦးသားကျန်ရှိတော့မှာဖြစ်ပြီး သူတို့ထဲကဘယ်သူကရော အိမ်ပြန်နှုတ်ဆက်ထွက်ခွာခဲ့ရမလဲ ဆိုတာကို ပရိသတ်တွေက နောက်တစ်ပတ်မှာလဲ ဆက်လက်ကြည့်ရှု့ကြရအောင်နော်

Snow(mcc)

(Visited 5285 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ