Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မြန်မာပြည်သူ/သား တွေ စောင့်မျှော်နေကြတဲ့ Line Walker 2 Offical Trailer

မြန်မာနိုင်ငံမှာ ဇာတ်ဝင်ခန်းတစ်ချို့ လာရောက် ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ရဲ့ Offical Trailer ထွက်ရှိလာခဲ့ပြီ ။ Offical Trailer ကို ဇူလိုင်လ၁၉ရက်နေ့က အဆိုပါ Page မှာ ထုတ်လွှင့် ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင် ဇာတ်ကားကြီးကို တရုတ်နိုင်ငံမှာ သြဂုတ်လ ၈ရက်နေ့မှာ ပြသတော့မှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားအနီး ရေတာရှည်း၊ မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားအနီးတို့မှာ လာရောက် ရိုက်ကူးသွားတာဖြစ်ပါတယ်။

Line Walker 2ရုပ်ရှင်ဇာတ်ကားကြီးကို Shaw Brothers Pictures Co. Ltd က ထုတ်လုပ်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း ပညာပေးရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ Louis Koo, Nick Cheung နှင့် Francis Ng တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မြန်မာမင်းသားတွေဖြစ်တဲ့ အောင်မြင့်မြတ်၊ လင်းအောင်ခက်နဲ့ မင်းရာဇာတို့ က ရဲတပ်ဖွဲ့ဝင်တွေအဖြစ် ပါဝင်ခဲ့ကြတယ်လို့ သိပါတယ်။

Line Walker 2ရုပ်ရှင်ကားကြီးကို မြန်မာနိုင်ငံမှာလည်း ပြသမှာဖြစ်ပေမယ့် ဘယ်နေ့ရက်ဆိုတာကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လဲ မြန်မာအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ Line Walker 2 ရဲ့ Offical Trailer ကို ပရိသတ်တွေ အကြိုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

ကြည့်ရှု့ပေးကြတဲ့ ပရိသတ်အပေါင်းကို ကျေးဇူးပါနော်။

Source – line walker2′ sfbpage

(Visited 763 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ