Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Dancing with the Stars အစီအစဉ်မှာ Winner ရခဲ့တဲ့ နန့်ချစ်နဒီဇော်

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အကအစီအစဥ်ဖြစ်တဲ့ Dancing with the stars အစီအစဥ်ဟာဆိုရင် ပထမဆုံးအစီအစဉ်ဖြစ်ပေမယ့် အားပေးတဲ့ပရိသတ်တွေများစွာရရှိခဲ့တဲ့ အစီအစဥ်တစ်ခုလဲဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ဟာ ဆိုရင် ဖေဖော်ဝါရီလ ၂ရက်နေ့ညက နောက်ဆုံးဖိုင်နယ်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။

Dancing with the Stars Myanmar Winner ဆုကိုတော့ ပြိုင်ပွဲဝင် နန့်ချစ်နဒီဇော်နဲ့ ကိုတေးမင်က ရရှိခဲ့ပြီး နန့်ချစ်က “🏆 ဆုကြီး ရရှိခဲ့တဲ့ အတွက် အရမ်းပျော်နေပါတယ်ရှင်…ပထမဦးစွာ ဘုရားကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ် 🙏နန့်ချစ်တော်လို့တတ်လို့ဆိုတာထက် ဘုရားကောင်းကြီး ပေးလို့သာ ဒီဆုကို ပိုင်ဆိုင်ရတာပါ WORLD WIDE အစီအစဉ်ကြီး တစ်ခုဖြစ်တဲ့အတွက် အခုလိုပါဝင်ခွင့်ရတာနဲ့တင်ကို အရမ်းပျော်နေရတာပါ
ပါဝင်ခွင့်ပေးတဲ့ Forever Group (Talent Center) ကို ကျေးဇူးအထူးတင်ပါတယ် ”

“ပထမဆုံး နန့်ချစ်ရဲ့ Dance Partner ဖြစ်တဲ့ ကိုတေးမင် နဲ့ တွဲဖက် လုပ်ခွင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ် တစ်ဖက်သတ်မဆန်ဘဲ သူ့ဘက်ကိုယ့်ဘက်ကြည့်ပီး ညှိနှိုင်းတိုင်ပင်ပေးတယ် အပတ်တိုင်း စိတ်ဓာတ်ကျတာတွေရှိပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အားပေးရင်းကိုယ်လုပ်မယ့် အရာကိုပဲ အာရုံစိုက်ပီး ကြိုးစားခဲ့ပါတယ် ….”

” ဒီလောက်တောင် မမျှော်လင့်ထားပါဘူး …အခုထိလည်း အိပ်မက်လိုလိုပဲ ဖြစ်နေတုန်းပဲ နန့်ချစ်တို့ ကြိုးစားထားတာတွေကို မြင်ပြီး အကဲဖြတ်ပေးတဲ့ ဒိုင်လူကြီးမင်း ဆရာ Jimmy မခိုင်လေး နဲ့ ဆရာ Ian တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ် ပုံဖော် စီစဉ်ပေးတဲ့ မဇွန် Henry ကိုပိုင် နှင့် ဖုန်းဆက်ပီး ကူညီပေးတဲ့ Bella မယွန်း မနှင်း နှင့် ကျန်သော Production အဖွဲ့သားများ ,နေ့စဉ်ရက်ဆက် တွေ့ရပြီး ရိုက်ကူးပေးကြတဲ့ Camera Man များ ”

” အထူးသဖြင့် အမြဲ ကူညီပေးချစ်ပေးတဲ့ မနွယ် , Make Up And Dress ကူညီပေးကြတဲ့ Stylists and designers များ , ပြိုင်ပွဲစဥ် တစ်လျှောက် အတူတူကကြ ကြိုးစားကြ အားပေးကြနဲ့ ညီ အစ်ကို မောင်နှမ Celebrities နဲ့ Professional Dancers များ ,
ဘေးနားကနေ အမြဲ အားပေးတဲ့ မိသားစု , ပွဲအထိ အမြဲတမ်း လာရောက်အားပေးကြတဲ့ ပရိသတ်များ , Miracle Makers Church မှ ဆရာဇော်လင်းအောင် နဲ့ အသင်းသူ အသင်းသား များ , Hleden Center မှ ကိုသန့်စင် နဲ့ အန်တီထူး နှင့် Staff အစ်ကို အစ်မများ တယောက်စီတိုင်း , ”

” VOTING တွေ အမြဲတမ်းပေးပီး ချစ်ပေးကြတဲ့ ပရိသတ်များ မိတ်ဆွေများ တစ်ယောက်စီတိုင်း နဲ့ ဆုတောင်းပီး ခွန်အားပေးကြတဲ့ သူများ တစ်ယောက်စီတိုင်းကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ်နော် 🙏သူတို့တွေကြောင့်ပဲ နန့်ချစ်ကြိုးစားနိုင်ခဲ့တာပါ ဒီဆုကြီးကို ရရှိခဲ့တာပါ 🏆”

” အက နဲ့ ပက်သက်ပြီး ဘာမှ မသိတဲ့ သူတစ်ယောက်မို့ စိတ်ဓာတ်ကျပီး အနာ တရတွေလည်း များတဲ့ အတွက် မပြိုင်ချင်လောက်အောင် Pressure တွေ များခဲ့ပေမယ့် နောက်ဆုံးတော့ ကြိုးစားရကျိုးနပ်ခဲ့ပါပီ 🌟အရမ်းပျော်နေပါတယ် ဒီထက်ပိုပီးလည်း အကနဲ့ ပက်သက်ပီး လေ့လာပါဦးမယ်။ Never Stop Trying !!!! ကျေးဇူးတင်စကားပြောဖို့ ကျန်ခဲ့တဲ့သူများရှိရင်လည်းတောင်းပန်ပါတယ်ရှင်🙏 ” လို့ဆိုကာ နန့်ချစ်က သူမရဲ့ ဆုရတဲ့ပုံရိပ်တွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးက နန့်ချစ်နဒီဇော်တို့အတွက် ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်

Snow(mcc)

(Visited 4540 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ