Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မြန်မာနိုင်ငံရဲ့ ဂုဏ်ထူးဆောင် သံတမန် တစ်ဦးဖြစ်လာပြန်တဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ စမိုင်းတို့ဇနီးမောင်နှံဟာ အားကစားလုပ်တဲ့အချိန်မှာလဲ အတူတူလုပ်ဆောင်ကျလို့ လူငယ်စုံတွဲတော်တော်များများက အားကျအတုယူခဲ့ကြပြီး လိုက်လံလုပ်ဆောင်ခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ Surprise တွေကလဲ တစ်နှစ်ထက်တစ်နှစ်ကို မရိုးနိုင်ဖြစ်နေပြန်ပါတယ်။

သူတို့နှစ်ဦးဟာ မကြာသေးခင်ကမှ ချစ်သူသက်တမ်း ၂၁နှစ်ပြည့်ခဲ့တာဖြစ်ပြီး လူငယ်အများစု အားကျရတဲ့ Surprise မျိုးကို လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါအပြင် နှစ်ပတ်လည်အထိမ်း အမှတ်အဖြစ် လူအယောက် ၁၅၀၀ ကို ရွှေတိဂုံနဲ့ ကျိုက်ထီးရိုးဘုရား ပို့ဆောင်ပေးခဲ့ပါတယ် ။

သူမ ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့် ယခုဆိုရင် ကံကောင်းခြင်းတွေ ထပ်မံရောက်ရှိလာခဲ့ပါပြီ။ စမိုင်းလ်ကို ယနေ့မှာတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဘဲ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ” မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ထူးဆောင်သံတမန်အဖြစ် ပါဝင်ရတာအရမ်းကိုဂုဏ်ယူပါတယ်ရှင် 😊”လို့ ဆိုပြီး စမိုင်းလ်က သူမရဲ့ဖေ့စ်ဘုတ်မှာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်။

စမိုင်းလ် တို့အတွက် ဂုဏ်ပြုဆုတောင်းစကားလေးကို ချစ်တဲ့ပရိသတ်တွေက ပြောပြပေးခဲ့ကြပါအုံး။

Snow(mcc)
Source – smile’sfb

(Visited 2164 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ