မြတ်ကေသီအောင် သိစေရန် ဆိုပြီး ဟန်နီထွန်း ရေးခဲ့တဲ့ စာ

တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီနဲ့ လူသိများပြီး ပရိသတ်တွေလဲ အခိုင်အမာရရှိခဲ့တဲ့ ဟန်နီထွန်း နဲ့ မြတ်ကေသီအောင်တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ လူမှုရေးပြဿနာတစ်ခုကြောင့် အဆင်မပြေဖြစ်နေကြပါတယ် ။ မြတ်ကေသီအောင်က အကယ်ဒမီတွေရတဲ့အထိ အနုပညာအလုပ်တွေလုပ်ဆောင်ခဲ့ပြီ ယခုနောက်ပိုင်းတော့ စီးပွားရေးလုပ်ငန်းကို ဦးစားပေးလုပ်ကိုင်လာပါတယ်။

သရုပ်ဆောင်ဟန်နီထွန်းကတော့ ပြည်ပကိုထွက်ခွာသွားခဲ့ပြီး အဲ့ဒီမှာဘဲ အခြေချနေထိုင်နေပါတယ်။ ဟန်နီထွန်းနဲ့ မြတ်ကေသီအောင်တို့ အဆင်မပြေကြတာဟာ အတော်ကြောနေခဲ့ပါပြီ ယခုအခါမှာတော့ ဟန်နီထွန်းက သူမတို့နှစ်ယောက်ရဲ့ကြားက ကိစ္စလေးတွေကို မြတ်ကေသီအောင် သိစေရန်လို့ လိမ့်မူပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြလာပါတယ်။

သူမရေးသားခဲ့တာကတော့ ” ဒီနေ့ ဒီအချိန်ထိ နင့်အပေါ်မှာငါ ယုတ်မာကောက်ကျစ်တာမရှိခဲ့ဘူး။ နင် ဂျပန်လာတဲ့အချိန် ငါအတတ်နိုင်ဆုံးတာဝန်ကျေပေးခဲ့တယ် ။ လက်ဆောင်တွေ သေတ္တာတလုံးစာအပြည့်ပေးခဲ့တာမှတ်မိပါတယ်နော် ။ နင်ကျန်းမာရေးမကောင်းဖူးဆိုလို့ ငါ့ဆီလာနေ ငါတာဝန်ယူ ကုပေးမယ်လို့ပြောခဲ့တာလဲ နင်မှတ်မိမယ်ထင်ပါတယ် ”

” နီးစပ်ရာ မြန်မာပြည်မှာရှိတဲ့သူတွေကိုလဲမှာတယ် ။ ဂရုစိုက်ပါ သွားသွားကြည့်ကြပါ အဖော်လုပ်ပေးပါ သူ့ခမျာတယောက်ထဲလို့မှာခဲ့တာ အဲ့ဒီလူတွေ မသေသေးဘူး ခုထိရှိကြတုံး ဒါပေမဲ့ ခုတော့ ဒီနေ့ ဒီအချိန်ထိ နင်မလုပ်သင့်တာကိုလုပ်တယ်။ နင်ဘာလုပ်လဲဆိုတာကို နင့်ဖာသာအသိဆုံးနော် ငါအနာဆုံးက ငါ့အမေနာရေးသဂြိုလ်တဲ့နေ့မှာ နင်ဘာလုပ်လဲနင်အသိဆုံးနေမှာပဲ ”

” ဘုရားရိုက်ရင်ပိုနာတယ်နော် ။ ငါနေ့တိုင်းသစ္စာဆိုတယ်။ ကံလေးပါနေချိန်တော့ သာယာနေအုံး ကံကုန်တဲ့နေ့ ငါ့သစ္စာစူးလိမ့်မယ် ။ ငါဘယ်လို လူစားလဲနင်သိပါတယ်။ စကားအများကြီးသိပ်မပြောတတ်ဖူး ရှင်းတယ်နော် ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြပရိသတ်ကြီးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။

Source – Honey tun’sfb

(Visited 59495 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ