Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ သီချင်းရဲ့ ပဲ့ကိုင်ရှင် ဂီတာဖေဝင်း ကွယ်လွန်

မြန်မာသံစဥ်တွေ ကိုကြိုက်နှစ်သက်သာတွေကြားထဲမှာ ယနေ့အချိန်ထိ နာမည်ကြီးကျော်ကြားဆဲဖြစ်တဲ့ မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလေးရဲ့ ဖန်တီးရှင် စာဆိုတေးရှင် ဂီတာ ဖေဝင်းဟာ ယနေ့ မေလ ၁၅ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ။ အဆိုပါသတင်းကို သူ့ရဲ့ သမီး ထံမှသိရပါတယ်။

တခေတ်တခါက နာမည်ကြီးခဲ့တဲ့ ” မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ ” ဆိုတဲ့ သီချင်းလေး ရဲ့ ပဲ့ကိုင်ရှင် စာဆိုတေးရှင် ဂီတာဖေဝင်း ဟာ မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ သီချင်းသာ မက မျက်ရည်တစ်ပေါက်ရဲ့တန်ဖိုး၊ လွမ်းစရာအမုန်းသာ အချမ်းသာဆုံးပါ စတာတွေကိုလဲ ဖန်တီးခဲ့ပါတယ်။

သူဟာ မေလ ၁၅ ရက်နေ့ည ၇ နာရီဝန်းကျင်ခန့်က အမှတ် ၂ စစ်​​ဆေးရုံ ကုတင် ၅၀၀မှာ ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုကြီး ဟာ မြန်မာ့ဂီတလောကအတွက် ​​ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုကြောင့် မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ပရိသတ်ကြီးကလဲ ဆုတောင်းပေးလိုက်ပါအုံးနော် ။

Snow(mcc)

(Visited 2917 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ