မျက်ရည်စတွေနဲ့ ဖခင်ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တဲ့ သရုပ်ဆောင် ဇင်မျိုး

ဇာတ်ရံသရုပ်ဆောင် ဖြစ်ပေမယ့် ပရိသတ်များစွာရဲ့ အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင်ဇင်မျိုး ဟာ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူဖြစ်သလို ယခုချိန်ထိလဲ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်နေဆဲဖြစ်ပါတယ်။ သူဟာ မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ သားလိမ္မာတစ်ဦးလဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဇင်မျိုးတစ်ယောက် လွန်စွားမှ စိတ်မကောင်းကြီးစွာ ဖြစ်ပေါ်နေပါတယ်။ သရုပ်ဆောင် ဇင်မျိုးရဲ့ ဖခင်ဖြစ်သူ ဦးခင်ထွေး အသက် (၇၄)နှစ် ဟာ အောက်တိုဘာလ (၂၉) ရက်နေ့က (၉၆)ပါးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ယနေ့ အောက်တိုဘာလ (၃၁)ရက်နေ့မှာတော့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာဒ်ကို ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့ပြီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ နောက်ဆုံခရီးမှာ မျက်ရည်စတွေနဲ့အတူ နှုတ်ဆက်ခဲ့တဲ့ ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်ပရိသတ်ကြီးက ဇင်မျိုးအတွက် အားပေးစကားပြောပေးခဲ့ကြပါအုံးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – Zin myo’s fb, Celegabar’ sfb

(Visited 5024 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ