Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မော်လမြိုင်ရဲ့ ရေဘေးကို ကိုယ်တိုင်ခံစားခဲ့ရကြောင်း ပြောပြခဲ့တဲ့ အာဘွိုင်း

အဆိုတော် တစ်ဖြစ်လဲ စီးပွားရေးလုပ်ငန်းရှင်အဖြစ် သမီးတွေအတွက် ကြိုးစားလုပ်ကိုင်နေတဲ့ အာဘွိုင်းဟာ ယခုအချိန်မှာတော့ ရန်ကုန်ကိုပြန်လည်ရောက်ရှိနေပါပြီ။ သူက အလုပ်ကိစ္စနဲ့ မော်လမြိုင်ဘက်ကို ရောက်ရှိနေစဉ် မော်လမြိုင် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ရေကြီးမှုကို မျက်ဝါးထင်ထင်မြင်ခဲ့ရပြီး ရန်ကုန်ပြန်လာဖို့ အတွက် လမ်းစပျောက်သွားတဲ့ အထိ မော်လမြိုင်တစ်မြို့လုံးနီးပါးရေကြီးနစ်ခဲ့ခဲ့မြှပ်နေတယ်လို့ သူကပြောပြလာပါတယ်။ သူ ကိုယ်တိုင်ပြန်မရလို့ ပိတ်မိနေခဲ့တဲ့ အဖြစ်အပျက်ကို ခုလိုဘဲပြောပြလာပါတယ်။

သူက သြဂုတ်လ ၉ ရက်နေ့ မနက် ၅နာရီခန့်က “ သွားပြီကွာ… ငါတော့ ဘယ်လိုမှ ပြန်မရပဲ ပိတ်မိနေပြီ။ အခုမော်လမြိုင် တစ်မြို့လုံးရေတွေကြီးနေပါပြီ။ ? ဘာကားလမ်းမှကို မတွေ့ရတော့ဘူး။ မြို့လယ်ခေါင်က အိမ်တွေလည်း တော်တော်မြုပ်ကုန်ပြီ။ ?” လို့ဆိုကာ သူ့ရဲ့ ဖေ့ဘုတ်မှာ စတင်ရေးသားလာပါတယ်။

အဲ့ဒီနောက် မနက် ၁၀:၄၀ မိနစ်အချိန်မှာတော့ “မော်လမြိုင် – ရန်ကုန် လမ်းမပေါ်မှာရှိတဲ့ ပေါင်မြို့ သဲဖြူကုန်းကျေး ရွာမှာ တောင်ပြိုလို့ ကားလမ်းပါပိတ်သွားပါပြီ။ (လူအသေပျောက်လည်းရှိပါတယ်)အခုထိ မိုးကလည်းလုံးဝ မရပ်သေးသလို၊ သံလွင်တံတားလည်း ပိတ်ထားပါတယ်။ မော်လမြိုင်မြို့ထဲမှာလည်း နေရာတော်တော်များများဆိုးရွားစွာ ရေမြုပ်နေလို့ ကျနော် ဘယ်လိုမှ ရန်ကုန်ပြန်လာလို့မရဖြစ်နေပါတယ်။ ဒီည သူငယ်ချင်း Pye Phyo Tay Za ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်နိုင်မှာ မဟုတ်တော့သလို၊ မနက်ဖြန် ရိုက်ကူးရေးအစီအစဉ်များအတွက်လည်း ဖျက်ရတော့မှာမို့ clients များကိုအထူးတောင်းပန်ပါတယ်။ ဘယ်နှရက်တောင် ဒီမှာ တောင်တင်မလဲမသိဘူး။ ?” လို့ဆိုပြီး ပုံတွေနဲ့ အတူ ထပ်မံရေးသားလာပါတယ်။

သို့ပေမယ့်လဲ အာဘွိုင်းတစ်ယောက် သူငယ်ချင်း ဖြစ်သူရဲ့ ဆိုင်ဖွင့်ပွဲကိုလဲ တက်ရောက်နိုင်ခဲ့သလို ရန်ကုန်ကိုလဲ ပြန်ရောက်နေခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်ကို ကရင်ပြည်နယ် ဘားအံဘက်ကနေ ပတ်ပြီးပြန်လာခဲ့တယ်လို့လဲ သူက ပြောထားပါသေးတယ်။ လက်ရှိအခြေအနေမှာတော့ မော်လမြိုင်၊ ရေး ၊ မုတ္တမ စတဲ့ နေရာတွေမှာ ရေဘေးနဲ့ ကြုံတွေ့နေရပြီး စိုးရိမ်ရတဲ့ အခြေအနေထိ ဖြစ်နေပါတယ်။

ဒီသတင်းလေးကို ဖတ်ရှု့မိကြတဲ့ ပရိသတ်ကြီးက အန္တရာယ်ကင်းကြစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုံးနော်။ ကြည့်ရူ့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Kyaw Phyo tun’s fb
Photo Credit : Khaing Khaing Leh

(Visited 946 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ