Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မောင်ဖေခင်ဇာတ်ကောင်လေးက နှုတ်ဆက်ခဲ့ပြီဆိုတဲ့ တိုင်ရွန်

ကျရာဇာတ်ရုပ်မှာ လိုလေသေးမရှိသရုပ်ဆောင်နိုင်တဲ့ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ဟာ လက်ရှိ ပြသနေတဲ့ တစစ်တမတ် ကိုယ်နှင့်သက်ကို ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ စစ်သတင်းထောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူက ယခုအခါမှာတော့ စစ်ကားရဲ့တစ်စိတ် တစ်ဒေသမှာပါဝင်ခွင့်ရခဲ့တာကြောင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အဲ့ဒါကတော့ ” မောင်ဖေခင်ဆိုတဲ့ ဇာတ်ကောင်လေး က နှုတ်ဆက်သွားပါပြီ 😞ပရိတ်သတ်တွေ ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် နောက်ထပ်လည်း ကာရိုက်တာ အသစ်တွေနဲ့ အတူ ပိုပြီး ကြိုးစားသွားပါဦးမယ်ခင်မျာ ……..”

” ဒီဇာတ်ကားမှာ ပါဝင်ဖို့ ယုံယုံကြည်ကြည် နဲ့ ကမ်းလှမ်းခဲ့တဲ့ ဒါရိုက်တာ Tin Aung Soe ၊ AD Zaw Myo Thein ၊Uswe Koswe အစစအရာရာ ကူညီပေးခဲ့တဲ့ အဘ Aung Kyaw Moe အစစအရာရာပျော်ပျော်ပါးပါး ကူညီပေးခဲ့တဲ့ အခြားအခြားသော တပ်မတော်အရာရှိများအားလုံး Mrtv4 မှရိုက်ကူးရေးအဖွဲ့သားများအားလုံး သူငယ်ချင်းတွေအားလုံး အထူးထူး ဘဲကျေးဇူးတင်ရှိပါတယ်ခင်မျာ 🙏ဆက်လက်ကြိုးစားပါဦးမည် ” လို့ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

မင်းသားတိုင်ရွန်ဟာ ခက်မိုက်မိုက်ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာလဲ တွေ့မြင်လာရကာ ရုပ်ရှင်းကားကြီးတွေလဲ များစွာရိုက်ကူးထားတာရှိပါတယ်။ တိုင်ရွန်ကို ချစ်တဲ့ ပျိုပျိုမေတို့အတွက် ဒီအကြောင်းအရာလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)
Source – tyron ‘sfb

(Visited 2389 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ