Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မေသန်းနုကို အိမ်အမြန်ပြန်ရောက်ပါစေလို့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဦးဇာဂနာ

ဟာသ၊လူရွှင်တော်ကြီး ဦးဇာဂနာအဖြစ် ပရိသတ်အများစုရဲ့ အားပေးချစ်ချင်မှုကို ရရှိထားတဲ့ ဦးဇာဂနာဟာ သူ့ရဲ့ပြောင်မြောက်လှတဲ့ ပြတ်လုံးတွေကြောင့် မကြာခဏဆိုသလို သက်ဆိုင်ရာရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရဖူးတဲ့ သူပါ။ သူဟာ ယနေ့မှာတော့ အသက် ၅၉ နှစ်ပြည့်ခဲ့ပြီး ယနေ့အချိန်အထိလဲ ပရိသတ်တွေကြားမှာ အောင်မြင်​ကျော်ကြားနေဆဲဖြစ်ပါတယ်။

ဦးဇာဂနာက သူ့ရဲ့မွေးနေ့မှာ သူနဲ့မွေးနေ့တူတဲ့ အကယ်ဒမီ ထပ်ဆင့်မင်းသမီးကြီး မေသန်းနုအတွက်ကိုပါမွေးနေ့ဆုတောင်းလာခဲ့ပါတယ်။ ဦးဇာဂနာနဲ့ မေသန်းနုတို့ဟာ တစ်နေ့ထဲ တစ်နာရီထဲမှာ မွေးဖွားခဲ့တာခြင်းတူခဲ့ကြတဲ့ အနုပညာမောင်နှမတွေလဲ ဖြစ်ပါတယ်။

ဦးဇာဂနာဆုတောင်းပေးခဲ့ပုံကတော့ ” မွေးနေ့ဆုတောင်း(၅၉)ကျွန်တော် နဲ့ တစ်နှစ်ထဲ ၊ တစ်လထဲ၊ တစ်ရက်ထဲ၊တစ်နာရီထဲ အတူမွေးတဲ့ မမဆင့် (မေသန်းနု) အမြန်အိမ်ပြန်ရောက်ပါစေ” လို့ ဆိုကာ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ထပ်ဆင့်အကယ်ဒမီ များရှင် မေသန်းနုဟာ လတ်တလောမှာတော့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချခံထားရတာဖြစ်ပြီး သူမအတွက် ပရိသတ်တွေရော ၊ အနုပညာမောင်နှမတွေ အားလုံးက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ ဦးဇာဂနာ နဲ့ အဆင့်တို့ ယနေ့မှာ ကျရောက်တဲ့မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာကို ကံကောင်းခြင်းတွေနဲ့သာ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပါတယ်နော် ။

Snow(mcc)

(Visited 1461 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ