Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မေတ္တာနဲ့ ချည်ထားတဲ့ကြိုးမို့ မြဲပါတယ်လို့ ဆိုတဲ့ ဇေရဲထက်

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဇေရဲထက်ဟာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ချိန်ကစပြီး ယနေ့ချိန်ထိ အားပေးချစ်ခင်တဲ့ ပရိသတ်များစွာ ရရှိခဲ့ကာ ဗီဒီယို ခေတ်ကောင်းချိန်ကလဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေ များစွာကို ပရိသတ်တွေ ကြည့်ရှု့အားပေးခဲ့ကြပါတယ်။ ဇေရဲထက်က ယခုနောက်ပိုင်းမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။

အဲ့ဒီဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး “မင်းစိတ်ချ ယုံကြည်ဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ် ❤️❤️❤️ကိုယ်တို့တွေက လူလွတ်တွေလေပြီးတော့တစ်ယောက်ကိုတစ်ယောက်မေတ္တာတခုနဲ့ချည်ထားတဲ့ကြိုးမို့ မြဲပါစေလို့ဆုတောင်းပါတယ်🙏🙏🙏 မင်းမှာလည်းမလိုသူရှိသလို ကိုယ့်ဘက်မှာလည်းမနာလိုရှိတဲ့အတွက် ထိုးနှက်လာတဲ့ဒဏ်တွေ တစ်ယောက်ကိုတစ်ယောက်ဂုံးလျောမယ့်ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့က စိတ်ပါပဲ အာ့စိတ်ကသာအရာရာအားလုံးကိုပြုံးပြုံးလေးနဲ့ လက်ခံနိုင်တယ်ဆို အားလုံးအဆင်ပြေတယ်❤️❤️❤️” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ဇေရဲထက် က သူ့ချစ်သူကို အရမ်းတန်ဖိုးထားပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အမြဲပြန်လည်ဖြေရှင်းလေ့ရှိပါတယ်။ သူချစ်သူကလဲ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ” သိစေရန်(၁)အမကိုသိက္ခချနှမခြင်းကိုယ်ချင်းမစာနာမိဘခြင်းကိုယ်ချင်းမစာပဲနင်ပြောရက်တယ်နော်အမအမလင်ငယ်နေတယ်ပြောရအောင်အမကအိမ်ထောင်ကွဲလူလွတ်တစ်ယောက်ပါ (၂)သားသမီးမျက်နှာမထောက်လို့ပြောရ အောင်လဲ သားသမီး တွေ အတွက် ရှာဖွေပြီးခွဲပေးပြီသားပါဘာလို့အမကိုပြသနာရှာရန်လိုနေတာလဲ”

“(၃)အမကိုပြောတာတွေလူမဆန်သလိုခံစားရတယ်(၄)လူလွတ်နှစ်ယောက်ချစ်ကြိုက်တာဆန်းလို့လားကွယ်အမတို့နှစ်ယောက်မှာနားလည်မှုရှိပြီသားပါတစ်ယောက်ရဲ့အမှားကိုထောက်ပြပြီနင်သာတယ်ငါသာတယ်နင်လွန်တယ်ငါလွန်တယ်ဆိုတာအချစ်မှာမရှိဘူးလေ(၅)တစ်ယောက်ကို တစ်ယောက်လက်ခံနိုင်လို့တွဲကြတာပါအခုကအမတို့ယူနေကြသေးတာလည်းမဟုတ်ဘူးလေဘာကိုစိုးရိမ်ဘယ်သူ့ကိုစိုးရိမ်ကြောင့်ကြနေလဲမသိဘူးနော်🙏🙏🙏” လို့ ဆိုကာ ရေးသားခဲ့တာဘဲဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်ကြီကလဲ ဇေရဲထက်ကို အားပေးစကားပြောပေးခဲ့ကြပါအုံးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – zayye htet’sfb

(Visited 15428 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ