မူးလား လို့ စနောက်သူတွေကို သူ့နာမည်ရဲ့ အဓိပ္ပါယ် ရှင်းပြလိုက်တဲ့ စောခရစ်မူးလာ

မြန်မာအိုက်ဒေါ season 4 ရဲ့ Top 11 စာရင်းဝင် ပြိုင်ပွဲဝင် အဆိုရှင်တစ်ဦးဖြစ်တဲ့ ဂီတဝါသနာရှင်လေး ခရစ်မူးလာဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ စနောက်ချင်းကို ခံခဲ့ရပါတယ်။ သူ့ရဲ့ နာမည် မူးလာ ကို မူးလား မူးလားဆိုပြီး စနောက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

သူက သူ့ရဲ့နာမည်နဲ့ ပတ်သက်ပြီး စနောက်နေကြတာတွေကို စိတ်မဆိုးပါဘူး ဒါပေမယ့် သူ့နာမည်ရဲ့ အဓိပ္ပာယ်ကို သိချင်နေသူတွေအတွက် ခုလိုရေးသားဖြေရှင်းလိုပ်တာဖြစ်တယ်လို့လဲ စောခရစ်မူးလာ ကပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော့နာမည်ကို အဓိပ္ပယ် ဘယ်လိုလဲလို့မေးတဲ့ မူလီများတို့အတွက် ကျွန်တော်ရှင်းပြချင်ပါတယ်။ ဒီနာမည်လေးက အပါးကိုယ်တိုင်ပေးထားတာပါ 😁😁😁Christmas နေ့မှာ မွေးလို့ Chris လို့ပေးထားတာပါ 🤗🤗🤗 Mooler ကတော့ ကရင်လိုပါ ဘာသာပြန်ရရင် LivingStone ( အသက်ရှင်တဲ့ ကျောက်) လို့ အဓိပ္ပာယ်ထွက်ပါတယ် 🤗🤗🤗 ”

” ကဲ မူလီတို့ရေ ကျွန်တော်က ခရစ်မူးလာ@မူးလာ ဖြစ်ပါတယ်နော် ။ ခရစ်မူးလား @ မူးလား ဟုတ်ဘူးနော် 😆😆😆 ဘယ်လိုဘဲခေါ်ခေါ် ကျွန်တော်ကအဆင်ပြေပါတယ် 😉😉😉 အားပေးမှုကို အထူး ကျေးဇူးတင်ပါတယ် ဆက်လက်အားပေးကြပါလို့ပြောချင်ပါတယ် 😘😘😘” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

စောခရစ်မူးလာ ဟာ သူ့ကို Top 11 အထိ ဆက်လက်ရှင်ပြိုင်ခွင့်ရခဲ့လို့ ကျေးဇူးတင်ကြောင်းကိုလဲ ခုလိုပြောခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ” ရှေးဦးစွာ ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းပါတယ်ဗျာ🙏 ကျွန်တော် သည်တကယ်တော့ ဘားမှမဟုတ်ပါဘူးဗျာ ကျေးဇူးတော်သပ်သပ်ကြောင့် Top 11 ထဲကို ၀င်ခွင့်ရခဲ့တာပါ😇 အရမ်းလည်းပျော်တယ် မျက်ရည်လည်းကျမိတယ်။ မပြောပြတတ်အောင်ပါပဲ 🥰”

” အားပေးကြတဲ့ မိဘ ဆွေမျိုး ညီကို မောင်နှမများ ဆရာသမားများနဲ့ ကျွန်တော့ရဲ့ မူလီလေးများ အားလုံးကိုလည်း ကျေးဇူးအထူးအထူးအထူးတင်ရှိပါတယ်ဗျာ😍🥰😘ဆက်လက်ပြီး အများကြီးဆက်ကြိုးစားသွားပါ့မယ်💜 ကြိုးစားမှုကို အသိအမှတ်ပြုခံရလောက်အောင်ကြိုးစားပါ့မယ်။ အပျော်လွန်နေလို့ အမှားပါရင် ခွင့်လွတ်ပေးကြပါ😁 Love you and thank you all💜💜💜” လို့ဆိုပြီးလဲ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

စောခရစ်မူးလာ က ဂီတအပေါ် အရမ်းကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး မိသားစု ကိုတောင် ဆန့်ကျင်ကာ ဒီလောကထဲကို​ ၀င်လာခဲ့တာ ဖြစ်ပါတယ်။ သူက အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ကျောင်းပြီးချိန်မှာ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာသော်လည်း သူဝါသနာပါတဲ့ ဂီတက်ိုမစွန့်လွှတ်နိုင်တာကြောင့် ကျောင်းထွက်ကာ ဂီတလောကထဲဝင်လာခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ချစ်တဲ့ ပရိသတ်တွေကလဲ ဒီလို ဂီတအပေါ် ရူးသွပ်တဲ့ ဂီတရူးလေးကို ဝိုင်းဝန်းအားပေးလိုက်ကြပါဦးနော် ။ သူတဲ့ Vote No လေးကတော့ 77710 ဘဲဖြစ်ပါတယ် ။ အားပေးကြဖို့မမေ့ပါနဲ့နော်။

Snow(mcc)
Source – Saw Chris Mooler ‘s fb

(Visited 13932 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ