မူးယစ်ရမ်းကားမှု နဲ့ ပစ်ခတ် ဖမ်းဆီး ခံခဲ့ရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်း

အနုပညာလောကမှာ အချိန်ကာလတစ်ခုကြာအောင် အောင်မြင်မှုတွေရရှိခဲ့တဲ့ သရုပ်ဆောင် လင်းလတ်ဟိန်းဟာ အနုပညာလောကနဲ့ အတော်ကြာကြာ အဆက်အသွယ်ပြတ်ခဲ့ပြီး ယနေ့မှာတော့ သူ့ရဲ့သတင်းတစ်ခုကို စိတ်မကောင်းစွာ ကြားသိခဲ့ရပါတယ်။ သူဟာ MTV တွေ ၊ ကြော်ငြာတွေ၊ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေ များစွာရိုက်ကူးခဲ့ပြီး ဗီဒီယို လောကကျဆင်းသွားချိန်မှာတော့ အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဘဲ ဖြစ်ပါတယ်။

သူဟာ ယနေ့မှာတော့ သံတုတ်နှင့် ကပ်ကြေးကိုင်ဆောင်ပြီး မူးယစ်ရမ်းကားနေသူအဖြစ် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ ရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သတင်းအပြည့်ကတော့ – သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ ရတနာပုံလမ်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၅နာရီခွဲက သံတုတ်နှင့် ကပ်ကြေးကိုင်ဆောင်ပြီး မူးယစ်ရမ်းကားနေသူ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် လင်းလက်ဟိန်းကို ၁၂ ဗို့ ပန့်အက်ရှင် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

သရုပ်ဆောင် လင်းလက်ဟိန်းမှာ လူ့အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက်များ ကိုင်ဆောင်ပြီး အများပြည်သူ သွားလာနေသော လမ်းပေါ်မှာ မူးယစ်ရမ်းကားနေကြောင်း 199 ထံ ဖုန်းဆက် သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ပြီး လင်းလက်ဟိန်းကို လက်နက်ချကာ အသာတကြည် အဖမ်းခံရန် ပြောဆိုခဲ့တယ်။

ရဲတပ်ဖွဲ့ရဲ့ အကြိမ်ကြိမ်ပြောဆိုခဲ့မှုအပေါ် လင်းလက်ဟိန်းက လက်မခံဘဲ လက်ထဲတွင် အသင့်ကိုင်ဆောင်ထားတဲ့ သံတုတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကတ်ကြေးဖြင့် ပြေးထိုးစဉ် ၁၂ ဗို့ ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ကာ ၎င်းကို ဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။

ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခံရသူ သရုပ်ဆောင် လင်းလက်ဟိန်း (ခ) သန်းထိုက်ဦး(၃၆) နှစ်ရဲ့ ညာပေါင်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်ကာ သင်္ဃန်းကျွန်းမြို့မရဲစခန်း မှာ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားတယ် လို့သိရပါတယ်။

ပုဒ်မ-၃၀၇ ဆိုသည်မှာ သေခြင်းကိုဖြစ်စေခဲ့သော်(သို့) လူသတ်မှုမြောက်နိုင်သည့် ကြံရွယ်ချက် နှင့် လည်းကောင်း၊ထိုကဲ့သို့သော (ပြုလုပ်မှုတခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့်) ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊ မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြုလျှင်၊ ထိုသူကို (၁၀)နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ် လို့ ပြဠာန်းထားတယ်လို့ သိရပါတယ်။

Source – The Voice New’s fb, SH media

(Visited 30995 times, 5 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ