Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မုန့်ဖိုး ၁သိန်း၊ ၂သိန်းသုံးတယ် ဆိုတဲ့ အပေါ် ပြန်ချေပပြောလာတဲ့ ဘုန်းမင်းနေလ

ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးပေမယ့်လဲ ပရိသတ်အခိုင်အမာရှိထားတဲ့ ရုပ်ရှင် နဲ့ ဗီဒီယို သရုပ်ဆောင် ခင်ဇာခြည်ကျော် ရဲ့ ချစ်လှစွာသော သားလေး ဘုန်းမင်းနေလ ဟာ ကောလဟာလတစ်ခုကို ဖြေရှင်းလာပါတယ်။ သူ့ကို သူငယ်ချင်းတွေနဲ့ အပြင်သွားရင် မုန့်ဖိုး ၁သိန်း ၊ ၂ သိန်း လောက်ပဲ တောင်းတယ် လို့ဆိုတဲ့ ကောလဟာလ တစ်ခုကို ပြန်လည်ဖြေရှင်းလိုက်ပါပြီ ။

သူဟာ ပိုက်ဆံမသုံးတက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး မိဘကိုလဲပိုက်ဆံအကုန်အပ်ပါတယ်ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားလာပါတယ်။ သူရေးသားခဲ့တဲ့အပြည့်အစုံကတော့ ” ရတဲ့ပိုက်ဆံ အမေ့ကိုအကုန်အပ်တယ် အပြင်သွာတော့မှကလေးလိုမုန့်ဖိုးပြန်တောင်းတယ် ပိုက်ဆံလည်းမကိုင်တတ်ဘူး အဲ့တာကို Page တွေကလူတွေအထင်လွဲအောင်လျှောက်တင်တာတော့မကောင်းပါဘူး ပြီးတော့ သူဌေးလည်းမဟုတ်ပါဘူးဗျာ ” ဆိုပြီးရေးသားခဲ့တာဘဲ ဖြစ်ပါတယ်။

ဘုန်းမင်းနေလဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက်အဖြစ်ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးခဲ့တာဘဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ စင်ကာပူနိုင်ငံမှာကျောင်းတက်နေပြီး ကျောင်းပိတ်ရက်တွေမှာတော့ အလည်ပြန်လာပြီး အနုပညာအလုပ်တွေကို လုပ်ဆောင်တက်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဘုန်းမင်းရဲ့ပရိသတ်ကြီးမျှဝေပေးသွားဖို့မမေ့ပါနဲ့နော်။

Source – phone min nay la’sfb

(Visited 1949 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ