မုဒိမ်းကျင့်သရုပ်ဖော်ပြကွက်အတွက် တောင်းပန်လာတဲ့ မြမြ ရုပ်ရှင်တာဝန်ခံများ

အများပြည်သူတွေ ကြားမှာ အရမ်းကိုပေါ်ပြူလာဖြစ်သွားခဲ့တဲ့ မြမြရုပ်ရှင်ဇာတ်ကားအတွက် လူကြမ်းသရုပ်ဆောင် ရွေးချယ်ပွဲမှာ မုဒိမ်းကျင့်တဲ့ပြကွက်ကို စင်မြင့်ထပ်လူပုံအလယ်မှာ သရုပ်ဆောင်ပြခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်တော့ ရည်ရွယ်ပြီး ပြုလုပ်မိခဲ့တာ မဟုတ်တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းကို မြမြရုပ်ရှင်ရိုက်ကူးရေးအတွက် စီစဉ်သူ တာဝန်ခံတွေက အများပြည်သူတွေကို တောင်းပန်စာရေးသားခဲ့ပါတယ်။

သူတို့ ရေးသားခဲ့တာကတော့ ” Facebook သုံးစွဲသူ ပရိသတ်များခင်ဗျား မြမြ ဇာတ်ကားသရုပ်ဆောင်ရွေးချယ်ပွဲတွင် အများရှေ့ပြသချိန်မတန်သေးသော မုဒိန်းကျင့်သရုပ်ဆောင်မှုအချို့ မီဒီယာများမှတဆင့် အပြင်သို့ ပေါက်ကြားပျံ့နှံ့ခဲ့ခြင်းအတွက် မုဒိန်းမှုဆန့်ကျင်ရေးရည်ရွယ်ချက်ပါဝင်သောဇာတ်ကားတစ်ကားအနေဖြင့် အထူးပင်စိတ်မကောင်းဖြစ်ရပါသည်”

” နောက်နောင်အချိန်မတန်သေးပဲပြင်ပသို့ပေါက်ကြားခြင်းမရှိစေရန် အထူးကြပ်မတ်၍စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Facebook သုံးစွဲသူများအကြား မုဒိန်းကျင့်ပုံများပျံ့နှံ့ပြီး စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရသည့်အတွက် ယဉ်ကျေးမှုအရအထူးလေးစားစွာတောင်းပန်အပ်ပါသည်။ လေးစားစွာဖြင့် မြမြ ရုပ်ရှင်တာဝန်ခံစီစဉ်သူများ ” ဆိုပြီး မြမြရုပ်ရှင်ဇာတ်ကားရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ” ပထမတော့မပြောတော့ဘူးလို့ပဲဗျ၊ မိန်းမက တချို့အချက်လေးတွေကတော့ ရှင်းပြသင့်တယ်ဆိုလို့ iPhone အသစ်ကလည်းထွက်ခါနီးနေပြီဆိုတော့ မိန်းမစကားနားထောင်တဲ့အနေနဲ့ပေါ့လေ… စင်ပေါ်မှာမုဒိန်းကျင့်ပြဖို့ ဘယ်သူမှမပြောခဲ့ဘူးဗျ၊စ ပြောကတည်းက ဒိုင်လူကြီးတွေနဲ့ပရိသတ်အာရုံ ကိုယ့်ဆီရောက်လာအောင် သီချင်းဆိုပြလိုက်တာပဲဖြစ်ဖြစ်၊ ထ အော်လိုက်တာပဲဖြစ်ဖြစ် ကြိုက်တာတစ်ခုခုလုပ်ပြနိုင်ပါတယ် လို့ပဲပြောခဲ့တာ၊ ပွဲကိုရောက်လာခဲ့တဲ့လူတွေသက်သေရှိတယ်၊ ဒိုင်လူကြီးတွေကလည်း မျက်နှာအမူအရာကိုပဲဦးစားပေးရွေးချယ်ခဲ့တာ”

” Public ရှေ့ထုတ်မပြချင်လို့ နဂိုကတည်းက ရိုက်ကူးရေးကို လုံးဝ မထည့်ထားခဲ့ဘူး၊ Media ဘက်က သူတို့ဘာသာသူတို့ရိုက်၊စင်ပေါ်ကအရုပ်နဲ့အောက်ကရယ်နေတာနဲ့ကို သူတို့ဘာသာသူတို့ဖြတ်ဆက်ပြီးတင်တာ၊ မုဒိန်းကျင့်ပြတာကိုသဘောကျလို့ထိုင်ရယ်နေကြတာမဟုတ်ဘူး၊ မြမြ ဇာတ်ကားကြောင့်မုဒိန်းမှုတွေပေါများလာလိမ့်မယ်ထင်ရင်တော့ အခုလက်ရှိဖြစ်နေတဲ့မုဒိန်းမှုတွေက ဘာကားကြောင့်ပါလဲ လို့ပြန်မေးရတော့မှာပေါ့၊ ဒီလိုပါပဲ၊ ဘာပဲဖြစ်ဖြစ် မိန်းမစကားနားထောင်ပါတယ်ပေါ့ ” လို့ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်ကမေ ရေးသားဖော်ပြခဲ့ပါတယ်။

မြမြရုပ်ရှင်ဇာတ်ကားကြီးအတွက် မုဒိမ်းကျင့်သူ ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်မယ့် သရုပ်ဆောင်အသစ် သုံးဦးကိုရွေးချယ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီနောက် မြမြရုပ်ရှင် ဇာတ်လမ်းကိုလုံးဝပြင်ဆင်ဖြတ်တောက်ခြင်းမပြုပဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုပေးခဲ့သော မြန်မာရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာအဖွဲ့အား အထူးကျေးဇူးတင်ရှိပါတယ်။ မြမြ တကယ်တရားဝင်ရိုက်ကူးခွင့်ရခဲ့ပြီလို့သိ သိရှိရပါတယ်။

ဒီအကြောင်းအရာလေးကို မြမြရဲ့ ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဖြစ်မှန်သိရှိစေဖို့ မျှဝေပေးသွားကြပါဦးနော်။

Source- Mya’ sfb page ,nay min lwin ‘sfb

(Visited 6066 times, 3 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ