Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မီဒီယာတွေ ရှေ့မှာတောင်းပန်လို့ အမှု ရုတ်သိမ်းပေးလိုက်တဲ့ စူးရှထက်

ပရိသတ်တွေကြာမှာသာမက အနုပညာရှင်တွေကြားမှာပါ နာမည်ကြီးခဲ့တဲ့ အစ္စဏီ ရဲ့ မုဒိမ်းမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယနေ့မှာတော့ အားလုံး စိတ်ချမ်းသာခဲ့ရပါပြီ။ အစ္စဏီကို အမှု၃ခုနဲ့ တရားစွဲဆိုထားခဲ့တဲ့ မော်ဒယ် စူးရှထက်က ယနေ့ သြဂုတ်လ(၅)ရက်နေ့မှာ အမှုကို ရုတ်သိမ်းပေးခဲ့ပါတယ်။ သူမက အစထဲက ကျေအေးပေးချင်နေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အစ္စဏီက မီဒီယာတွေရှေ့မှာ တောင်းပန်ခဲ့တာကြောင့် သူမရဲ့ ကတိအတိုင်း ကျေအေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့အမှုဟာ ၂၀၁၈ခုနှစ် ဧပြီလ ၁၁၇က်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်မှာတော့ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး က သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက်နေ့ ၀၂း၄၅ အချိန်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေးမှ

၎င်းငှားရမ်းနေထိုင်သည့်တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာ ခဲ့ကြောင်း၊ နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး၏အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့ကာ ဦးခေါင်း နာကျင်ခဲ့တဲ့အပြင် တကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့မှ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်ကာ သတိမေ့နေစဉ် သားမယား ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။

အဲ့ဒီအချိန်ကစတင်ပြီး မော်ဒယ်စူးရှထက်က အဆိုတော် အစ္စဏီကို ပုဒ်မ ၃၇၆၊ ၃၂၄၊၃၂၃ တို့နဲ့ တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့တာဘဲ ဖြစ်ပါတယ်။ အဆိုပါ တရားစွဲဆိုမှုဟာ တစ်နှစ်နဲ့ လေးလခန့် ကြာမြင့်ခဲ့ပြီး အစ္စဏီမှာ လဲ အချုပ်ထဲမှာ တစ်နှစ်နဲ့လေးလနီးပါး နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

အစ္စဏီအတွက် အတိုင်မသိ ဝမ်းသာပီတိဖြစ်ရပါတယ်။အစ္စဏီရဲ့ သီချင်းတွေကိုလဲ ပြန်လည် နားထောင်ရတော့မှာမို့ တကယ့်ကို ပျော်ရွှင်ခဲ့ရပါတယ်။ အစ္စဏီရဲ့ ပရိသတ်တွေအတွက် ရေးသားပေးသွားတာဖြစ်လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – New Watch’s fb

(Visited 5261 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ