Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မီတာခတွေ တိုးတဲ့အပေါ် ပြည်သူတွေဘာပြောချင်လဲလို့ မေးလိုက်တဲ့ ထက်ထက်ထွန်း

အလှမယ် ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 အလှမယ်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်နေကာ ကြော်ငြာတွေလဲ ရိုက်ကူးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ မတ်လ၃၁ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ လဲ ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ လတ်တလောမှာတော့ မီတခတွေ တက်နေတာနဲ့ ပတ်သက်ပြီး သူမကပြည်သူတွေ ကိုမေးခွန်းထုတ်လာပါတယ်။

သူမမေးလိုက်ပုံကတော့ “ မီတာခတွေ တိုးကောက်ခံမှုနဲ့ ပတ်သတ်လို့ ပြည်သူတွေအနေနဲ့ သိလိုတဲ့ ပြောလိုတဲ့ တောင်းဆိုလိုတဲ့ မေးခွန်းတွေ စကားတွေက ဘာတွေဖြစ်မလည်း ???” ဆိုကာ မေးခွန်းတွေထုတ်လာပါတယ်။

လက်တစ်လောမှာတော့ အဆိုပါ မီးတာခတွေပြောင်းလဲကောက်ခံတာနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာတော့ အရမ်းကိုဟော့ဖြစ်နေပါတယ်။ အဲ့ဒီပြောင်းလဲကောက်ခံတဲ့ သတင်းရဲ့အနောက်မှာ တော့ အဆောင်လခ ဈေးတက်တာတွေ၊ မီးနဲ့အသုံးပြုပြုလုပ်ရတဲ့ ပစ္စည်းတစ်ချို့ဈေးတက်တာတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလဲကြားသိရပါတယ်။

ကယ်…ပရိသတ်ကြီးရေ ထက်ထက်ထွန်းမေးလာတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ကြနော်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – HtetHtettun’sfb

(Visited 384 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ