Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိုးအနားကနေ ထွက်မသွားနိုင်တာခွင့်လွှတ်ပါလို့ ဆိုလာတဲ့ မြတ်သူသူ ရဲ့ ချစ်သူ

လတ်တလောမှာ အချစ်အရေးပြဿနာပြင်းထန်နေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ခံထားရတဲ့ မြတ်သူသူဟာ လတ်တလောမှာတော့ သူမရဲ့ ချစ်ရသူနဲ့ ညှိနှိုင်းမရတဲ့ ပြဿနာတစ်ချို့ကြောင့် လမ်းခွဲလိုက်ပြီလို့ ဆိုကာ မှဒီယာတွေရဲ့အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ သူမတို့ ချစ်သူနှစ်ဦးဟာ ချစ်သူသက်တမ်း ၆နှစ်ပြည့်ခဲ့ပြီ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါ။

သူမဘက်က နေလမ်းခွဲစကားဆိုခဲ့ပေမယ့် ချစ်သူကောင်လေးကတော့ ” စချစ်ခဲ့ကြတဲ့အချိန်ကနေ အခုချိန်ထိ သူက ကျွန်တော့်အတွက် တကယ်လက်တွဲဖော်ကောင်း ချစ်သူကောင်းတယောက်အနေနဲ့ အမြဲနားလည်ခွင့်လွတ်ပေးခဲ့သူပါ ကျွန်တော် အမှားတွေ အများကြီးလုပ်ခဲ့တာကိုလည်း အကြိမ်ကြိမ် ခွင့်လွတ်သည်းခံပေးခဲ့သူပါ ”

“သူကြိုးစားနေတဲ့အချိန် အားပေးတဲ့ပရိသတ်တွေရှိလာတော့လည်း ပျော်ရွှင်ကြရသလို ခက်ခဲချိန်တွေလည်း ကျွန်တော်တို့ အဆင်ပြေအောင်လက်တွဲပြီး အတူရုန်းကန်ခဲ့ကြတာပါ အခု ဒီတခေါက်မှာ မရည်ရွယ်ပေမယ့်လုပ်မိတဲ့ ကျွန်တော့်အပြစ်ကြောင့်သာ အခုလိုတွေဖြစ်ရတာပါ ၊အမြဲခွင့်လွတ်ပေးခဲ့သလိုပဲ အဆင်ပြေမယ်ထင်ခဲ့မိတာ ကျွန်တော့်အမှားပါ ”

” အဲ့အတွက်လည်း ကျွန်တော်အမြဲသူ့ကိုချစ်နေမှာပါ ကျွန်တော့် အတွက် ထပ်မရနိုင်တဲ့တန်ဖိုးအရှိဆုံးချစ်ရသူပါ သူ့ဘေးနားမှာ မိတ်ဆွေအဖြစ်နေရင်း သူမကြိုက်တာတွေပြုပြင်ပြီး အရင်လိုပြန်တည်ဆောက်နိုင်အောင် ကြိုးစားမှာပါ။ ကိုယ် မိုးကို အရမ်းချစ်တယ် ဘယ်တော့မှ မိုးနားကနေထွက်မသွားနိုင်တာခွင့်လွှတ်ပါ” လို့ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပရိသတ်ကြီးက မြတ်သူသူ တို့ အချစ်ရေး အမြန်ဆုံးပြေလည်ဖို့အတွက် ဆုတောင်းပေးလိုက်ကြပါအုံးနော်။ ဖတ်ရှု့ပေးသူ အားလုံးက်ိုကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – Zin thu htay’sfb

(Visited 50974 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ