Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိုးခါးရေကိုရွှေခွက် နဲ့ တိုက်လည်းမသောက်ခဲ့ဖူး ဆိုတဲ့ ဆောင်းဦးလှိုင်

ပြည်သူပြည်သားတွေရဲ့ ဘဝတွေကိုအခြေခံထားကာ ခံစားချက်အပြည့်ပါတဲ့ သီချင်းတွေကို ဖန်တီးပုံဖော်တက်တဲ့ ဂီတသမားစစ်စစ်ဖြစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်ဟာ ပရိသတ်တွေအတွက် ရင်ဖွင့်စာတစ်ချို့ ရေးသားလာခဲ့ပါတယ်။ သူက ပြတ်ပြတ်သားသားပြောဆိုရပ်တည်တက်ပြီး ပေါ်ပြူလာဖြစ်တဲ့နောက် မလိုက်သူဖြစ်တာကြောင့် ပရိသတ်နည်းသွားခဲ့ပြီလားလို့ဆိုကာ မေးခွန်းထုတ်ရင်း သူ့ရပ်တည်မှုတွေကို ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တဲ့ အပြည့်အစုံကတော့ ” ရှိပါစေတော့ ကျွန်တော်ပြတ်ပြတ်သားသားပြောဆိုရပ်တည်ခဲ့လို့ ပရိသတ်နည်းသွားသလား။ နည်းသွားတာပေါ့။ ပရိသတ်ဆိုတာအစိမ်း/အပြာ/အနီ အရောင်မျိုးစုံ။ ကျွန်တော့်စီးပွါးရေးကျဆင်းသလား။ ကျဆင်းတာပေါ့။ အာဏာရှင်အဟောင်း၊အသစ်နဲ့ခရိုနီတွေ လက်ထဲမှာဘဲ ငွေရှိတာလေ။ ဟိုတလောလေးကမှ မီဒီယာထုတ်လုပ်ရေးကြီးထောင်ပြီး သူတို့ကြိုးဆွဲရာကမယ့် သရုပ်ဆောင်တွေအဆိုတော်တွေကို သိန်းပေါင်းများစွာနဲ့ချုပ်ကြသေးတာပူပူနွေးနွေး”

၁၉၉၈-၂၀၀၈ အထိခရိုနီတွေထဲမှာ ကျွန်တော့်ကိုပွဲငှါးသူတချို့ရှိခဲ့တယ်။ ထိပ်တန်းသူဌေးကြီး ၂ ယောက်ဟာညီငယ်တစ်ယောက်လိုကျွန်တော့်ကိုအားပေးခဲ့ဖူးတယ်။ ဖျောင်းဖြနားချဖူးတယ်။ နိုင်ငံရေးတွေသိပ်မပြော/မလုပ်ဖို့။ ကျွန်တော်ရှေ့ဆက်တိုးခဲ့တယ်။ ပြည်သူအများဆင်းရဲလွန်းလို့ပါ။ခေတ်တွေစနစ်တွေပြောင်းစေချင်လို့”

“အားမပေးတော့ဖူးဆိုတဲ့တစ်ချိန်ကပရိသတ်တွေ သိစေချင်တယ်။ကျွန်တော့်ကိုယ်ကျိုးမပါတဲ့အပြင်ကိုယ်ကျိုး နည်းနေပါတယ်။ရှိပါစေတော့။ ကျွန်တော့်အမာခံပရိသတ်တွေနဲ့ဘဝခရီးဆက်နေမယ်။ အတန်းပညာ အနုပညာတွေဆည်းပူးပြီး အောင်မြင် အောင်ကြိုးစားခဲ့တာကိုယ်ကျိုးစီးပွါး ရှာဖို့တစ်ခုတည်းမဟုတ်ဖူး။မိမိမွေးဖွားရာမြေနဲ့ လောကကြီးကိုကျေးဇူး ဆပ်နိုင်ဖို့လည်းပါသင့်တယ်။ အဲဒါမှ လူပီသတဲ့လူဖြစ်တော့မှာပေါ့ဗျာ”

“မိုးခါးရေကိုရွှေခွက်နဲ့တိုက်လည်းမသောက်ခဲ့ဖူး။ လက်နက်ပြခြိမ်းခြောက်လည်းမသောက်ခဲ့ဖူး။ ဖြောင်းဖျနားချ ချော့မော့တိုက်လည်းမသောက်ဖူး။ သောက်စရာမလိုဖူး။အများပြည်သူအားပေးလို့အနုပညာနဲ့ ထမင်းစားတဲ့လူ….ဆောင်းဦးလှိုင် ” လို့ ဆိုကာ သူ့ဘဝမှာ အနုပညာရှင်ပီသစွာ ဖြတ်သန်းခဲ့တဲ့ အကြောင်းကိုပြောပြခဲ့ပါတယ်။

ဆောင်းဦးလှိုင်ဟာ ပရိသတ်အင်အားတောင့်တင်းခဲ့တဲ့ အဆို တော် တစ်ယောက်ဖြစ်သလို ယနေ့အချိန်ထိလဲ သူ့သီချင်းတွေက ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေဆဲပါ။ စစ်မှန်တဲ့ ခံစားချက်တွေနဲ့ အနုပညာစစ်တွေကိုဖန်တီးနေကြမို့ ပရိသတ်ကြီးက အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ဘယ်သီချင်းကိုအကြိုက်ဆုံးလဲ ဆိုတာ ပြောပြခဲ့ပါအုံးနော်။

Snow(mcc)

(Visited 623 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ