Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိုးကလျာ ရဲ့ ကာရိုက်တာက သူ့ရဲ့ အပြင်ကာရိုက်တာနဲ့ လုံးဝမတူပါဘူး ဆိုတဲ့ ခင်သဇင်

ပရဟိတမင်းသမီးချောလေးအဖြစ် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့ပြီး ရိုးအေးတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်ခင်သဇင်က လက်ရှိမှာတော့ Mrtv 4 မှာပြသနေတဲ့ အချစ်ဖွဲ့လေညှင်းဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲမှာ သူက အပြင်ကာရိုက်တာနဲ့မတူတဲ့ ဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်ရတာကြောင့် ၁၅ ပေါင်လောက်ဝိတ်တက်သွားခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ “ချစ်ပရိသတ်ကြီးကို ရင်ဖွင့်ရဦးမယ်သိလား ?? ဒီကားမှာ ဝလာတယ်ပြောကြတယ်.. ဟုတ်ပါတယ် .. အဲကားကိုရိုက်ရင်း ၁၅ ပေါင်တက်သွားခဲ့တယ် ..😭 ဘာလို့လဲ ဆိုတော့ မိုးကလျာ ရဲ့ စိတ်ကို အမှီလိုက်ရလို့ပါ .. သူဖြစ်ချင်တာတွေက သိပ်များတယ်..စိတ်ကြီးတယ်..လောဘကြီးတယ်..အညှိုးကြီးတယ် ..”

” အပြင်က ခင်သဇင်ကတော့ အေးဆေးပဲ ဆိုတော့ .. ဒီ ဇာတ်ရုပ်ဖြစ်တဲ့ မိုးကလျာရဲ့ ဖြစ်ချင်နေတဲ့ စိတ်တွေ နောက်ကို အမှီလိုက်ရတာ အရမ်း stress စိတ်ဖိစီးမှုတွေ များခဲ့တယ် ..မိုးကလျာရဲ့ ရင်ထဲမှာလည်း ရှုပ်ထွေးမှုတွေ များစွာနဲ့ မွန်းကျပ်ပြီး မပျော်ရွှင်ခဲ့ရဘူး ….အဲဒါကြောင့် ခါတိုင်း ရှူတင်တွေထက် ပိုစားခဲ့တယ်.. မိုးကလျာ ဖြစ်ပြီးတိုင်း ရှုတင် ပြီး တဲ့ အချိန်တိုင်းရဲ့ ထွက်ပေါက်က စားတာပဲ..”

“နေ့ညတွေ ရိုက်ခဲ့ရတော့ နေ့ရော ညရော အသေတွေစားခဲ့တယ် .. gym သွားချိန်လည်း မရှိ.. ပြန်လာရင် ထိုးအိပ်နဲ့ .. ရိုက်ကူးရေးကာလ ၅ လကျော်လောက်မှာ ဝိတ်က ၁၅ ပေါင် အထိ တက်သွားခဲ့ပါတယ် .. အခုတော့ အဲဒီ ၁၅ ပေါင်ကို ပြန်ချထားပါပြီ😁😁😁နောက်တစ်ခါ စိတ်ကြီးတဲ့ ကားတွေ ရိုက်ရင် ရေလုံပြုတ်စားမှ ဖြစ်ပါတော့မယ်..ကိုယ့် အဆီတွေကို ပြန်မြင်နေရတာ စိတ်မချမ်းသာဘူး တကယ်😖😖😖”

” ​မိုးကလျာ character က အပြင်က ခင်သဇင် နဲ့ လားလားမှ မဆိုင် .. 🤪 တစ်ကားလုံး စိတ်ပုတ်နိုင်ဖို့ mood တွေ အသေထည့်ပြီး သရုပ်ဆောင်ရတော့ stress တွေများ ပြီး အစားတွေ နင်းကန်စားတာ 🤢🤢အချစ်ဖွဲ့လေညှင်း ရိုက်ရင်း ၁၅ ပေါင် တက်သွားတဲ့ အကြောင်းလေးပါ 😅😅😅” လို့ ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါ အချစ်ဖွဲ့လေညှင်းရုပ်သံဇာတ်လမ်းတွဲဟာလဲ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါနော် ။ ချစ်ပရိသတ်တွေက ဇာတ်ကားထဲမှာပါဝင်တဲ့ ခင်သဇင်ရဲ့ ဇာတ်ဝင်ခန်းတွေထဲက ဘယ်အခန်းလေးကိုသဘောအကျဆုံးလဲဆိုတာ ပြောပြခဲ့ကြပါဦးနော်။

Snow(mcc)

(Visited 1193 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ