Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိဘတွေဆီက BMW ကားသစ်ကြီးရလိုက်တဲ့ စည်ဖြိုး

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် စည်ဖြိုးဟာ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း စီးပွားရေးကိုလဲ တစ်ဖက်ကနေ လုပ်ဆောင်နေပါတယ်။ သူက မိဘတွေကိုလဲ အလွန်မှရိုသေသူပါ။ မိဘတွေရဲ့ နှစ်ပတ်လည် နေ့မှာ မိဘတွေရဲ့ ချစ်သူဘဝဇာတ်ကြောင်းကို ဗီဒီယိုအတိုလေး ရိုက်ပြီး ပရိသတ်တွေ ထံ ချပြခဲ့ပါတယ်။ သူဟာမိဘတွေကိုတအားချစ်တာကြောင့် မိဘတွေကလဲ သူ့ကို အရမ်းချစ်ကြပါတယ်။ နေ့ကတော့ မိဘတွေရဲ့အချစ်ကို သက်သေပြလိုက်တာကတော့ စည်ဖြိုးကို ကားသစ်တစ်စီး ဝယ်ပေးလိုက်တာဘဲဖြစ်ပါတယ်။

သူ့ကိုကားသစ်ဝယ်ပေးခဲ့တဲ့ မိဘတွေကို “ မြင့်မိုလ် တောင်ဘယ်လောက်မြင့်လို့လည်း .. ? မိဘ မေတ္တာ နဲ့ ယှဉ်ရင်နိမ့်နိမ့်လေး နဲ့ ဖဝါးအောက်မှာပဲ … အဖွားဆေးသွားစစ်ပြီး အပြန် ခြေထောက်က အသားမာ ရှိန်ရော..တစ်ညလုံး ဝမ်းသွားပြီးအိပ်မရတာရော သနားပြီး..ဝယ်ပေးလိုက်တယ်…ကျေးဇူးကို ရွယ်ရည် အသက်ကိုမနှေး ပေးဆပ်ပါမည် …” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ စည်ဖြိုးတစ်ယောက် ကားသစ်ကြီးကို မစီးရခင်မှာဘဲ ဆေးရုံရောက်နေခဲ့ပါပြီ။ အကြောင်းကတော့ သာမာန် နေမကောင်းဘူးလို့ထင်ပြီး ဆေးခန်းသွားပြကြရမှ အူယောင်ငမ်းဖျားဖြစ်နေတယ်ဆိုပြီးသိခဲ့ရတယ်လို့လဲ ချစ်သူဖြစ်တဲ့ ခင်လွှမ်းရဲ့ ပြောပြချက်အရသိရပါတယ်။

သူမပြောခဲ့တာကတော့ “ ဆရာဝန်ပြောပြ သလောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး အစာအိမ်ဆေး တစ်လုံး အူယောင်ငန်းဖျား ဆေး တစ်လုံး အားဆေး တစ်လုံး အပြင် ပုလင်းချိတ်ရတယ်။ ချစ်ရတဲ့ ကို အမြန်သက်သာ ပါစေ” ဆိုပြီး ရေးသားဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်။

စည်ဖြိုးတစ်ယောက် အမြန်နေကောင်းပါစေနော်။ ကားသစ်ကြီးအတွက်လည်း ဂုဏ်ပြုပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – Si Phyo’sfb

(Visited 16304 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ