Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိဘကို ပြန်လည်ကျေးဇူးဆပ်ခွင့်ရနိုင်အောင်ကြိုးစားမယ်ဆိုတဲ့ နေလင်းကျော်

မြန်မာအိုက်ဒေါရဲ့ Season 4 မှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ နေလင်းကျော်ဟာ ပြိုင်ပွဲကနေအစောဆုံးထွက်ခွာခဲ့ရပေမယ့် သူ့ကိုအားပေးတဲ့ ပရိသတ်တွေကတော့ များပြားခဲ့ပါတယ်။ သူဟာ အမိုက်စား Body နဲ့ ဆံပင်အရှည်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော် ဖြစ်ခဲ့ပါတယ်။

သူဟာ Mv ရိုက်ကူးမှုတွေ နဲ့ ဖက်ရှင်ရှိုးတွေကို ပါဝင်ခဲ့ပြီးအနုပညာအလုပ်တွေကိုလုပ်ကိုင်နေရင်းနဲ့ အိုက်ဒေါပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာလဲ ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲမှာလဲ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပြီးနောက် ယခုထိလဲချစ်ခင်အားပေးတဲ့ ပရိသတ်တွေများစွာရှိခဲ့ပါတယ်။

အဲ့လို အားပေးတဲ့ပရိသတ်တွေရှိသလို သူ့ကိုချစ်ပြီး အမြဲအားပေးတဲ့ မိသားစုတွေလဲ ရှိတာကြောင့် သူကလဲ အဲ့မိသားစုအပေါ်သူလုပ်ပေးနိုင်မယ့် ပုံစံလေးတွေကို ခုလိုဘဲပြောပြခဲ့ပါတယ်။

နေလင်းကျော် က ” ကျွန်တော် ဒီနေ့ဒီအချိန်ထိ အခက်အခဲမရှိကောင်းကောင်းမွန်မွန် ကြီးပြင်းခွင့်ရတာ ကျွန်တော့်မိဘတွေရဲ့ကျေးဇူးကြောင့်ပါ အခုချိန် ကျွန်တော်တတ်နိုင်သလောက် ကျွန်တော့်မိဘ‌ကို ပြန်ပြီးကျေးဇူးပြုခွင့်ရနိုင်အောင် ကျွန်တော်အမြဲကြိုးစားနေမှာပါ Thank you God” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

နေလင်းကျော်ရဲ့ကရော ချစ်ပရိသတ်တွေက သူ့အတွက် ဘာများအမှာစကားပါးချင်သေးလဲ ဆိုတာ ပြောပြခဲ့နော်။ ချစ်တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – nay lin kyaw’sfb

(Visited 1605 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ