Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိဘကိုစိတ်ချမ်းသာအောင်ထားဖို့ လူငယ်တွေကို တိုက်တွန်းလိုက်တဲ့ အေးမြတ်သူ

ရိုးသားတဲ့ စိတ်လေးနဲ့ ပွင့်လင်းတဲ့ နေထိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အစွမ်းကုန်ရရှိခဲ့ပြီး အကယ်ဒမီထူးချွန်ဆုအထိ ပါ ရရှိခဲ့တဲ့ မင်းသမီးတစ်ဦးပါ။ သူမက အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပေမယ့် မိဘတွေကို တိုက်ကြီးကြီးတွေ ကားအကောင်းစားကြီးတွေနဲ့ မထားနိုင်ပေမယ့် စိတ်ချမ်းသာပျော်ရွှင်အောင်အမြဲထားတယ် ဆိုတဲ့ အကြောင်းကို ပြောပြလာပါတယ်။

သူ​မက “အလုပ်တွေလုပ်ရင်း မိသားစုကို စိတ်ချမ်းသာအောင်ထားနိုင်နေလို့ မမြတ်လေး အလုပ် ကိုအရမ်းတန်ဖိုးထားတယ် 🙏🏼🙏🏼🙏🏼 ခုချိန်ထိလည်း အဖေနဲ့အမေ က ကိုယ့်ထက်နုပျိုနေလို့ အမြဲစိတ်ချမ်းသာရတယ်ရှင့်…😍😍😍😍သားသမီးတွေ က မိဘ ကို ထောက်ပံ့ပြုစုခွင့်ရတယ်ဆိုတာ ကံအရမ်းထူး လို့ပါရှင့်🙏🏼🙏🏼🙏🏼”

“မမြတ်လေးလည်း မိဘ ကို တိုက်ကြီးကြီးတွေ ကားအကောင်းစားကြီးတွေနဲ့မထားနိုင်လို့ စိတ်ညစ်နေမယ့်အစား စိတ်ချမ်းသာအောင်တော့ကြိုးစားပြီးထားပါတယ်🙏🏼🙏🏼🙏🏼”ချစ်ရသူတွေလည်း မိဘကို အများကြီးမထောက်ပံ့နိုင်လို့ စိတ်မကောင်းဖြစ်နေမယ့်အစား စိတ်ချမ်းအောင်ထားပေးမယ်ဆို မိဘတွေ က ပျော်ရွှင်နေပါပြီရှင့်🙏🏼🙏🏼”

“အဓိက ကတော့ သားသမီးတွေရဲ့ဂရုစိုက်ခြင်း ..အချိန်ပေးခြင်းတွေကိုသာ မိဘတွေက ပိုလိုချင်ကြတာပါ..အဖေနဲ့အမေကို ဒီထက်ပိုပြီးစိတ်ချမ်းသာအောင်ထားနိုင်တဲ့ သမီးဖြစ်ပါရစေချစ်ရသူတွေအားလုံးလည်း မိဘ ကို ပိုမိုစောင့်ရှောက်နိုင်သော သားသမီးများဖြစ်ကြပါစေရှင့် မိဘတွေမရှိကြတော့ဘူးဆိုလည်း …ရည်စူးအလှူပြုကုသိုလ်တွေယူကြရင်း သိတက်လိမ္မာသောသားသမီးများဖြစ်ကြပါစေရှင့်🙏🏼🙏🏼🙏🏼 ” လို့ဆိုကာရေးသားခဲ့ပါတယ်။

အေးမြတ်သူဟာ သဘာဝဆန်တဲ့ မင်းသမီးတစ်ယောက်လို့ပြောရင်လဲမမှားနိုင်ပါဘူး သူက ပရဟိတ အလုပ်တွေကိုလဲ စိတ်ပါဝင်စားပြီး ရိုက်ကူးရေးအားတဲ့အခါတွေမှာ ပရဟိတအလုပ်တွေကို လုပ်ဆောင်လေ့ရှိပါတယ်။ သူဟာ ၂၀၁၈ခုနှစ်ရဲ့ အကယ်ဒမီဘထူးချွန်ဆုရွေးချယ်ပွဲမှာ အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့တာဘဲဖြစ်ပါတယ်။

Snow(mcc)
Source – Aye Myat thu’sfb

(Visited 574 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ