Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိန်းမဖြစ်သူသာ မွေးဖွားမလာခဲ့ဘူးဆိုရင် သူဂျွမ်းထိုးမှောက်ခုံ ဖြစ်နေလောက်ပြီလို့ ပြောလာတဲ့ မိုးမိုး

လူငယ်ကြိုက် အချစ်သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ အဆိုတော်မိုးမိုးဟာ သီချင်းရေးသားရာမှာ ကျွမ်းကျင်ယုံတင်မကဘူး မိန်းမကို ချုပ်တဲ့နေရာမှာလဲ တစ်ဖက်ကမ်းကပ်အောင်ကျွမ်းကျင်နေပြန်ပါတယ်။ မိုးမိုးတစ်ယောက် မိန်းမဖြစ်သူကို မွေးနေ့ဆုတောင်းပေးပုံကြီးကတော့ လုံးဝကို အရည်ပျော်သွားစေမယ့် အကွက်ကြီးပါနော် ။

သူပြောခဲ့ တာက ” ကမ္ဘာ့သမိုင်းတလျှောက် ရက်ပေါင်းများစွာရှိတဲ့အနက် လွန်ခဲ့တဲ့ ၂၈ နှစ် လောက်က ဇန်နဝါရီလ ၂၉ ရက်နေ့ဆိုတဲ့ ရက်ကလေး တစ်ရက်တည်းသာပျောက်ကြည့် ကျွန်တော်ဆိုတဲ့ကောင် အခုချိန် ဂျွမ်းထိုးမှောက်ခုံနဲ့ လောကလူ့ဘုံမှာ အလဲလဲအကွဲကွဲဖြစ်နေဦးမှာပဲ”

” ဒါကြောင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကို သမိုင်းထဲ ထည့် လည်ပတ်ပေးတဲ့ ကမ္ဘာကြီးကို ကျေးဇူးတင်တယ်။ ဦးကျော်ဝင်း ဒေါ်ကြင်ရွှေကို ကျေးဇူးတင်တယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၃ ကိုလဲ ကျေးဇူးတင်တယ်။ ၂၀၁၅ မှမဟုတ်ဘူး၂၀၁၆ ၂၀၁၇ ၂၀၁၈ ၂၀၁၉ ၂၀၂၀ ကိုလဲ ကျေးဇူးတင်တယ်”

” ဗဟန်းတရားရုံးကိုလဲ ကျေးဇူးတင်တယ်။ ဒေါ်ခင်စောလှနဲ့ ဒေါ်ဖြူဖြူဦးကိုလဲ ကျေးဇူးတင်တယ်။ အထူးသဖြင့် နွေးထွေးတဲ့ မေတ္တာစစ်တွေကို ၅ နှစ်အတွင်း အနှစ် ၅၀၀စာလောက် ပေးပါသော ကျွန်တော့်ရဲ့ပဲ့ကိုင်ရှင် ဒေါ်ဘုမ ခေါ် ပီပီ ခေါ် ဒေါ်ငွေခင်အား ကျွန်တော့်ကို လက်ဆောင်ပေးခဲ့သည့် လောကကြီးအား
အင်မတန်ကျေးဇူးတင်ရှိရပါကြောင်း 😍😍”

“ကျွန်တော့်ရဲ့ ကမ္ဘာနုနုလေးအား ပဲ့ကိုင်ပေးပါတဲ့ ချစ်လှစွာသော မွေးနေ့ရှင်လေးရဲ့ ပျော်စရာ မွေးနေ့လေး ရောက်ရှိချိန်မှာ မှတ်မှတ်ရရ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။ Happy Birthday ပါမိန်းမ🥰🥰 ကိုကို့အချစ်တွေနဲ့ ဆိုဂျူးလေး မိုဂျူးလေးတို့ အချစ်တွေနဲ့ ပျော်ရွှင်ပါစေ ပီပီရေ ♥️♥️ ဒီနှစ်လဲ မနှစ်က ဆုတောင်းလေးကြိုက်လို့ ပြန်ဆုတောင်းပေးလိုက်တယ် မိန်းမရေ🥰🥰” လို့ ဆိုပြီး နုနုရွရွလေးတွေရေးထားပုံကို ပရိသတ်ကြီးတောင် ကြွေကြသွားတယ်မဟုတ်လား။

မိုးမိုးတို့ ဇနီးမောင်နှံဟာ သားတစ်ယောက်၊ သမီးတစ်ယောက် ရရှိပိုင်ဆိုင် ထားပြီး တကယ့်ပြည့်စုံလှတဲ့ မိသားစုဠးဖြစ်နေပါပြီ။ ချစ်တဲ့ပရိသတ်ကြီးက မိုးမိုးမိန်းမအတွက် ဆုတောင်းစကားလေး ပြောခဲ့ကြပါလို့ ။

Snow(mcc)
Source – မိုးမိုး

(Visited 32098 times, 2 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ