Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိန်းမဖြစ်သူကို ဖက်ကာ ကလေးတစ်ယောက်လို ငိုနေတဲ့ Surprise video

ရွှေမှုံရတီက ရွှေထူးရဲ့မွေးနေ့မှာ သူမထင်ထားတဲ့ ပစ္စည်းတွေနဲ့ Surprise ပြုလုပ်ခဲ့ပြီး ရွှေထူးကတော့ အတိုင်းထက်အလွန်ဝမ်းသာပီတိတွေဖြစ်ပြီး မျက်ရည်တွေကြခဲ့ပါတယ်။ သူတို့ရဲ့ မွေးနေ့ surprise ကို ဗီဒီယိုလေး ရိုက်ကူးထားပြီး ကလေးတစ်ယောက်လို ငိုနေတဲ့ ရွှေထူးကို တွေ့မြင်ရမှာပါ။

ရွှေမှုံရတီက ခင်ပွန်းဖြစ်သူကို ကားသစ်တစ်စီးနဲ့ အခြားသော အသုံးအဆောင်ပစ္စည်းတစ်ချို့ကို လက်ဆောင်ပေးခဲ့ပါတယ်။ အရင်နှစ်တွေကလဲ ရွှေထူးကြိုက်တဲ့ အရာတွေကိုဘဲ လက်ဆောင်ပေးလေ့ရှိတာပါ ယခုကတော့ မထင်မှတ်ထားတဲ့ Surprise မျိုးဖြစ်တာကြောင့် သူအရမ်းပျော်နေခဲ့ပါတယ်။

ရွှေနှစ်ရွှေတို့စုံတွဲဟာ တနေ့ထက်တစ်နေ့ ပိုပိုပြီးချစ်စရာကောင်းလာပြီး အနှောင့်အယှက်တွေ အတိုက်အခိုက်တွေကြားကနေ ဘဝတစ်ခုကို ထူထောင်ခဲ့ကြပြီး ယနေ့အချိန်မှာတော့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြပါပြီ။

သူတို့နှစ်ယောက်ဟာ အရမ်းတွေ Ro တက်ကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လဲ အရမ်းချစ်ကြတာပေါ့နော်။ ရွှေထူးကို အမြဲ Surprise တိုက်တာကတော့ ရွှေမှုံရတီပါ။ ခုလဲ Surprise တိုက်ထားတဲ့video လေးကို ရွှေမှုံက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်ကြီးက အားကျသွားပြီမဟုတ်လား။

Snow (MCC)

(Visited 17742 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ