မိတ်ဆွေတစ်ယောက်ရဲ့ caption လေးက အမှန်တရားမို့ပြန်လည်မျှဝေလိုက်တဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်ချစ်တဲ့ ဆရာဝန်အဆိုတော် မမ ဖြူဖြူကျော်သိန်း ဟာ အရှိအရှိတိုင်း အမှန်အမှန်တိုင်း ပြောတက်သူမို့ စကားပြောရာမှာ အလွန်မှ ပြတ်သားသူတစ်ယောက်ပါ။ သူမက မကြာသေးခင်ရက်ပိုင်းက နိုင်ငံကျော်သရုပ်ဆောင် ဖွေးဖွေးကို အားပေးစကားပြောရင်း သူမနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

သူမဖြေဆိုခဲ့တာကတော့ ” ပေါ်ပင်တွေ၊ပေါက်ပန်းဆေးတွေ၊ drama တွေနောက်ကို ပရိသတ်လိုက်တဲ့အခါကျတော့ တကယ့်အနုပညာရှင်တွေက အရမ်းခံစားရတယ်။ ငါတို့နဲ့တောင်လဲသွားရတယ်လို့ဆိုပြီး တစ်ချို့တွေဆို ခံစားသွားရရှာတယ်။ တစ်ချို့ အနုပညာရှင်တွေဆို ရှိတာပေါ့ သူတို့ခံစားချက်ကို နားလည်တယ်။ ဖွေးအဲ့လိုလေးရေးထားတဲ့အခါ သူခံစားနေရတာကို ကိုယ်က နားလည်တယ် ။ ဖြူဖြူလဲ တစ်ခါတလေစဥ်းစားမိတယ် ဒါပေမယ့်ကိုယ့်ကိုကိုယ် အားပြန်တင်းတယ် ငါတို့မမှားဘူး ငါတို့လူ့ပတ်ဝန်းကျင်မှားနေတာတွေ ရှိတယ်” လို့ ဆိုပြီး ဖြေဆိုခဲ့ပါတယ်။

အဲ့ဒီနောက် သူမရဲ့ ဖေ့စ်ဘုတ်မှာလဲ ” MC မှာဖွေးနဲ့ပတ်သက်ပြီးဖြူဖြေထားတဲ့အင်တာဗျူးလေးကိုအစ်မတော်မေမေညိုကဒီလို caption လေးထိုးပြီး share ထားပါတယ်😊 သူ့ caption လေးကကိုယ်တွေလိုလူတွေကိုဝမ်းနည်းဝမ်းသာဖြစ်စေတဲ့အမှန်တရားမို့မပြုမပြင် credit ပေးပြီးဒီတိုင်းပြန်တင်လိုက်ပါတယ်🙂
ကိုယ်နဲ့ဘဝတူအနုပညာမောင်နှမတွေအတွက်ပါ😘”

“ပွဲလုပ်တဲ့အသိုင်းအဝိုင်းနဲ့ဂွင်တည့်‌​အောင်နေရင်ပွဲတေ လက်မလည်ကြက်သည်လို ပွဲတေရမယ်။ သူဠေးတေနဲ့ ချိုရင်၊ စပွန်စာရမယ်။ Industry ထဲက အရေးပါတဲ့သူတေနဲ့ပေါင်းနိုင်ရင်၊ ဆုတေရမယ်၊reviewတေကောင်းမယ်။အသစ်တေတက်လာရင်၊ပွဲမရအောင်၊မိတ်ပျက်အောင် ခြေထိုးတတ်ရသေးတယ် 😎။ အာ့လို လက်တွေ့ကျတာတေ မလုပ်ပဲ၊ ကိုယ့်အနုပညာ၊ကိုယ့်skill တေ ထိုင်မြှင့်တင်နေပြီး၊ ပလော်ဖစ်ရှင်နယ် ဆန်ချင်တဲ့ ယူတို့လိုလူတေ ဒီ နိုင်ငံမှာပျောက်မသွားတာကံကောင်းပါဟယ် 😁” လို့ ဆိုကာ ရေးသားထားခဲ့ပါတယ်။

အဲ့ဒီနောက် ယနေ့မနက်မှာတော့ “လူတစ်ယောက်ကိုချစ်ဖို့တခြားသူတစ်ယောက်ကိုမုန်းစရာမလိုဘူး…လူတစ်ယောက်ကိုချီးမြှင့်မြှောက်စားဖို့တခြားသူတစ်ယောက်ကိုစော်ကားနှိမ့်ချပုတ်ခတ်စရာမလိုဘူး” လို့ ဆိုပြီးလဲ ဖြူဖြူကျော်သိန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ထပ်မံကာရေးသားခဲ့ပါတယ်။

ဖြူဖြူကိုရောဖွေးဖွေးကိုရော ချစ်တဲ့ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်နော် ။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။

Snow(mcc)
Source – phyu phyu kyaw thein’sfb

(Visited 4202 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ