Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိခင် မှာ အူမကြီးကင်ဆာဖြစ်နေတယ်ဆိုတာ သိလိုက်ရလို့ ယူကြုံးမရဖြစ်နေတဲ့ ဒါရိုက်တာ မိုက်တီး

ပရိသတ်တွေကို အချစ်အလွမ်းအမုန်းစသဖြင့် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာမိုက်တီးဟာ ယခုချိန်မှာ မိခင်ဖြစ်သူအတွက် အရမ်းကို ခံစားနေရရှာပါတယ်။ သူ့ရဲ့မိခင်ဟာ အသက် (၈၀)ကျော်တဲ့ ထိ သားသမီးတွေကို ထမင်းဟင်းတွေချက်​ကျွေးချင်သေးတယ်ဆိုတဲ့ စကားကြောင့် ကိုမိုက်တစ်ယောက် အရမ်းကို ခံစားနေရရှာပါတယ်။

ကိုမိုက်ကတော့ သူ့ခံစားချက်တွေ ကို ခုလိုဘဲ ရေးသားခဲ့ပါတယ်။ သူက ” အနှိုင်းအဆမဲ့တဲ့ မိဘမေတ္တာတွေထဲက နဲနဲ​လေး တိုင်းဆ ​ကြည့်လို့ရတဲ့ ကျနော့်အမေရဲ့ မေတ္တာ တစွန်းတစလေး ကို ဆွဲထုတ်ကြည့်မိတယ် ။ အခု အမေ့ အသက် (၇၈) ကျွန်တော့်အသက် (၅၅) မှာ အမေ ချက်ကျွေးတဲ့ ထမင်းဟင်း အနပ်ပေါင်း ၃၀၀၀၀ ကျော် တောင် ကျ​နော် စားခဲ့ရတယ် ၊ ချက်သမျှ အားလုံးကလည်း ကျွန်တော့် အကြိုက်ချည်းပဲ “

“ကျွန်တော့်တင်ပဲလား ဆိုတော့ မဟုတ်ပါဘူး လင် ယောင်္ကျားကနေ သားသမီးများ အားလုံးနဲ့ မြေးအထိပါ တယောက်ချင်းစီ အကြိုက်ကို လိုက်ဖြည့်ဆည်းပေးနိုင်လွန်းတဲ့ အမေ့ ခမျာ..ဒီနေ့တော့ …ငိုနေရက်ကို ထိမ်းထားမရတဲ့ ရှိုက်သံ နဲ့ ” အမေက သားတို့ကို အသက် ၈၀ ကျော်အထိ ချက်ပြုတ်ကျွေးချင်သေးတာ .. အဲ့ဒါ တခုထဲပါ သားရယ် ” တဲ့ ကျွန်တော် အမေ့ကို မကြည့်နိုင်တော့ပဲ ပါးစပ်က လျှောက်ဖြောင့်ဖျနေတာ ဘာတွေမှန်းကို မသိပါ ၊ကြိတ်ပြီးလဲ ငိုနေရသေးတယ် “

“တနေ့က အမေ့ကို ဆေးသွားစစ်တော့ အမေ့မှာ အူမကြီးကင်ဆာ ရှိနေသတဲ့လေ တောက်! ငါ စ ဖြစ်ခဲ့လို့များ ငါ့ အမေဆီ ကူးရလေသလား ဆိုင်ဆိုင် မဆိုင်ဆိုင် ကျနော် ဘာကို ဘယ်လို ဒေါသထွက်ရမှန်းမှ မသိတာပဲ ၊ ဒါပေမဲ့ အဖြေကတော့ သေချာခဲ့ပါပြီ ။ ဒီနေ့ပဲ ဆေးရုံတင်လို့ နောက်နေ့ ခွဲစိပ်ရပါမယ် အစွမ်း ကုန် ကုပေးရုံအပြင် ဆုတောင်းပေးရုံမှ တပါး ကျနော် ဆိုးခဲ့ ပေခဲ့သမျှထက် ပိုလို့ အမေ့ကို ကျနော်ချစ်ခဲ့ပါတယ် ။ဤမှန်သော သစ္စာစကားကြောင့် အမေဖြစ်ချင်တဲ့ ကျနော်တို့ကို ထမင်းထပ်ချက်ကျွေးလို့ရပါစေ အမေရယ် ” လို့ ဆိုကာ မိခင်အတွက် သစ္စာပြု ဆုတောင်းခဲ့ပါသေးတယ်။

ဒါရိုက်တာ ကိုမိုက်တီး ကိုယ်တိုင်လဲ အူမကြီးကင်ဆာရောဂါကို ခံစားထားရပြီး ခွဲစိတ်မှုတွေလဲ အကြိမ်အကြိမ်ပြုလုပ်ခဲ့ရသူပါ။ လက်ရှိမှာတော့ မိခင် ဖြစ်သူရဲ့ ခွဲစိတ်မှုအတွက် သူကိုယ်တိုင်က ပြန်လည်ဆုတောင်းပေးနေရပါတယ်။ ကိုမိုက်ဆုတောင်းနေသလို မိခင်ဖြစ်သူ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Snow(mcc)

(Visited 8408 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ