Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မိခင်ကွယ်လွန်ခဲ့စဉ်က မိခင်မျက်နှာကိုနောက်ဆုံးအကြိမ်တောင်မမြင်ခဲ့ရဘူး ဆိုတဲ့ ဦးဇာဂနာ

ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရှိထားပြီး ပြည်သူတွေကို ပညာပေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပုံဖော်လေ့ရှိသလို ဘာသာရေးလဲ လက်မနှေးတက်တဲ့ ဦးဇာဂနာဟာ ယခုအခါမှာတော့ မိခင်ဖြစ်သူအတွက် နှစ်ပတ်လည် ဆွမ်းကပ်လှူပေးရင်း မိခင်ဖြစ်သူနဲ့ပတ်သက်တဲ့ခံစားချက်တစ်ချို့ကိုပြောပြလာပါတယ်။

သူထောင်ကျနေချိန် မိခင်ကွယ်လွန်ခဲ့ရတာနဲ့ ပတ်သက်ပြီး ” ကျွန်တော် ထောင်ထဲရောက်နေတုန်းက မေမေ ကွယ်လွန်ခဲ့ပါတယ်။ မေမေ့အသုဘကို ၊လိုက်ပို့ခွင့်မရခဲ့သလို၊မေမေ့ရုပ်အလောင်းကို ကန်တော့ခွင့်မရခဲ့ပါဘူး။ သည်နေ့ ၊မေမေ ကွယ်လွန်တာ ၁၁နှစ် ပြည့်ပါပြီ။ဆွမ်းကပ်လှူ အမျှအတန်းပေးဝေလိုက်ပါတယ်” လို့ဆိုကာ ၁၁နှစ်ပြည့်မှာ အလှူပြုခဲ့တဲ့ အကြောင်းကိုပြောပြလာပါတယ်။

ဦးဇာဂနာဟာ ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၉-ခုနှစ်မှာ ထပ်မံပြီး ထောင်ဒဏ် ၃၅နှစ် ကျခံခဲ့ရပြီး ၂၀၁၁-ခု၊ အောက်တိုဘာလ(၁၂) ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ မြစ်ကြီးနား အကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်ခဲ့ကာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှစ်စက္ကန့်ငြိမ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာဖြစ်ပြီး ထောင်ထဲမှာကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ရိုက်ကူးပုံဖော်ထားတာလဲ ဖြစ်တယ်လို့သိရပါတယ်။

Snow(mcc)

(Visited 5238 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ