Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မအေးသောင်းအတွက် ပရိသတ်တွေကလုပ်ပေးတဲ့ အားပေးနှစ်သိမ့်ပွဲလေး

ယခုနှစ်ရဲ့ အကယ်ဒမီ ဆုချီးမြှင့်ပွဲမှာ ရွှေစင် ရုပ်ထုကို မပိုင်ဆိုင်ရပေမယ့် ပရိသတ်တွေပေးတဲ့ အကယ်ဒမီနဲ့ အချစ်တွေကိုတော့ များစွာ ရ၇ှိခဲ့တဲ့ မအေးသောင်းအတွက် သူမရဲ့ သူငယ်ချင်းတွေနဲ့ ပရိသတ်တစ်ချို့က ပူးပေါင်းပြီး သူမအတွက် အားပေးနှစ်သိမ့်တဲ့ ဂုဏ်ပြုကြတဲ့ ပွဲလေးကို ဧပြီလ ၇ရက်နေ့က ပြုလုပ်ပေးခဲ့ကြပါတယ်။မအေးသောင်းက တော့ အပျော်လွန်ပြီး မျက်ရည်တွေတောင် ကျခဲ့တယ်ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပုံလေးတွေနဲ့ အတူ ရေးသားဖော်ပြခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ “ ဘဝမှာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ရှိခြင်းကလည်း ကံကောင်းခြင်းတမျိုး မင်္ဂလာတစ်ပါးပါပဲနော်။ အသစ်အိမ် ဆိုင်သူငယ်ချင်းတွေ , မိတ်ဆွေတွေ နဲ့ Facebook ကကျမကို ချစ်ကြတဲ့ အမျိုးတွေ(Fanတွေပေါ့နော်) အားပေးနှစ်သိမ့်တဲ့ ဂုဏ်ပြုကြတဲ့ ပွဲလေးကို မနေ့ကလုပ်ပေးခဲ့ပါတယ်”

“ အရမ်းပျော်လွန်းလို့ မျက်ရည်တောင်ကျရပါတယ်။ ကိုယ့်ကိုချစ်တဲ့သူ ကိုယ့်အားငယ်ချိန်အားပေးပြီး ကိုယ့်အနားမှာ ရှိပေးကြတဲ့ တစ်ဦးစီတိုင်းကို အရမ်းကျေးဇးူးတင်ရပါတယ်။ အများကြီးထပ်ကြိုးစားဖို့ အားတွေအများကြီးရှိသွားပါပြီနော်။ တစ်ပုံချင်းစီသေချာကြည့်ပေးပါနော်” ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

မအေးသောင်းဟာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး သူမကို ဇာတ်ပို့အနေနဲ့ အကယ်ဒမီ ရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ရပါတယ်။ သို့ပေမယ့် လဲ ပရိသတ်တွေရဲ့ အချစ်ကို များစွာရရှိခဲ့သူဖြစ်လို့ သူမ အရမ်းကို ဝမ်းသာကျေနပ်နေပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 342 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ