Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မဟူရာရောင် ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ ဖွေးဖွေး

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရှိထားပြီး အနုပညာနဲ့ ပတ်သက်လာရင်လဲ အကောင်းဆုံးပုံဖော်နိင်သူဖြစ်တဲ့ ဖွေးဖွေးကတော့ “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Balloons Drop Party ကို အမိုက်စားဖက်ရှင်နဲ့ တက်ရောက်ခဲ့ပါတယ်။ ဖွေးစိန်က သူ အရမ်းပျော်ခဲ့ရပြီး ပျော်တာထက်တောင်ပို ပါသေးတယ်လို့လဲ သူ့ရဲ့ဖေစ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်သလို ရုပ်ရှင်ဇာတ်ကား နမူနာထွက်ရှိတဲ့ အချိန်ထဲက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အားလုံးကစိတ်ဝင်စားကြသလိုဘဲ ဒီဇာတ်ကားကြီးကတော့ ထိပ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နက်နေမှာတော့ အမှန်ပါဘဲ ။

ဒီဇာတ်ကားကြီးကို သြဂုတ်လ ၁ရက်နေ့ မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ အများနဲ့မတူတဲ့ ထူးခြားတဲ့ အစီအစဉ် တစ်ခုအဖြစ် ဇူလိုင်လ ၁၆ရက်နေ့က Balloons Drop Party ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

Balloons Drop Party ကိုတက်ရောက်လာခဲ့တဲ့ ဖွေးစိန်လေးရဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးးအထူးတင်ရှိပါတယ် ။

Source – phway phway’sfb
Photo by Nay Min Tun (Amazing Grace)

(Visited 249 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ