Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

‘မဟူရာရုပ်ရှင်ရုံ’ အဖွဲ့သားအားလုံးကို စိတ်ကောက်နေတဲ့ ပိုင်ဖြိုးသု

အကယ်ဒမီ ပိုင်ဖြိုးသု နဲ့ ဒါရိုက်တာ ဏကြီး တို့ဟာ မနေ့ညနေက ကျင်းပပြုလုပ်ခဲ့တဲ့ ‘မဟူရာရုပ်ရှင်ရုံ’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red carpet show ကို သွားရောက်ကြည့်ရှု့ခဲ့ပြီး နောက်မှာတော့ ပိုင်ဖြိုးသုတစ်ယောက် ရုပ်ရှင်အဖွဲ့သားတွေကိုသာမက ယောကျာ်းဖြစ်သူကိုပါ မုန်းတယ်ဆိုကာ စိတ်ကောက်နေပါတော့တယ်။ ရုပ်ရှင်ဇာတ်ကားကြီးက အရမ်းကိုကြောက်ဖို့ကောင်းတယ်ဆိုပြီး စိတ်ကောက်နေတာဖြစ်ပြီး ရုပ်ရှင်မကြည့်ခင်က သူမအရမ်းတွေပျော်ခဲ့တဲ့ အကြောင်းကိုလဲ ခုလိုလေးရေးသားဖော်ပြခဲ့ပါတယ်။

“ရုံထဲမှာအကြီးအကျယ်ခြောက်လှန့်ခံရတော့မယ့် မိမိကံကြမ္မာကို မသိခင်ပျော်ရွှင်မြူးထူးနေရှာသူ ဒေါ်သု ?မဟူရာရုပ်ရှင်ရုံ ကိုအရင်ကတည်းက ကိုနေတိုးပြောပြထားလို့ကြည့်ချင်နေတာနဲ့ ကိုဝေမင်းမောင်လည်းဖိတ်ရော red carpet show လား အခါတိုင်းလိုအနုပညာမောင်နှမတွေစုကြည့်တာလားဖိတ်စာတောင် သေချာမကြည့်ပဲ ပြေးကြည့်တာ ? အရမ်းတွေအလှပြင်သွားချက်ကတော့….” ဆိုကာ ပုံလှလှတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

သူမ အကြောက်လွန်ပြီး စိတ်ကောက်နေကြောင်းကိုတော့ “ မုန်းတယ်….မုန်းတယ်…. အဲ့ဒီလောက် ကြောက်ဖို့ကောင်းတဲ့ကားကို စီစဉ်ထုတ်ရိုက်ပြီး လာကြည့်ဖို့ဖိတ်တဲ့ ကိုဝေမင်းမောင်ကြီးလည်းမုန်းတယ်…. အဲ့လောက်ကြောက်ရအောင် ခြောက်နိုင်တဲ့သရဲကားကို ရိုက်နိုင်တဲ့ ဒါရိုက်တာကိုပြည့်ဇော်ဖြိုးလည်းမုန်းတယ်….. သူများကြောက်လွန်း လို့ ‘ဝက်ဂျပုလန့်ပြီးသေတော့မလားမသိဘူး ဆက်မကြည့်ရင် ကောင်းမယ်ထင်တယ်’ လို့ပြောတာ ကိုပေးမပြန်ပဲ ကားဆုံးတဲ့အထိအတင်းကြည့်ခိုင်းတဲ့ ဦးရေခဲကိုလည်း မုန်းတယ်….(သူများကဖြင့်အကြောက်လွန်ပြီး မျက်ရည်ပါဝဲတယ်) ”

“ သူဖြင့်မကြည့်ရဲပဲသူများကကြောက်လို့ခြေထောက်တင်ထိုင်ပြီး လက်နဲ့ကာထားတာကို မြင်ပြီး လှောင်ရယ်နေတဲ့ ကိုယုန်လေးကြီးကိုလည်းမုန်းတယ်….သူများကို တစ်ပတ်လောက်အိပ်ရေး ပျက်အောင်စွမ်းဆောင် တော့မယ့် ‘မဟူရာရုပ်ရှင်ရုံ’ အဖွဲ့သားအားလုံးကိုလည်းမုန်းတယ်…. မသိဘူး မုန်းတယ်….” ဆိုကာရေးသားဖော်ပြထားခဲ့ပါတယ် ။

မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၂၅ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးမှ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများမှာ ပြသသွားမှာ ဖြစ်ကာ ရုပ်ရှင်ကြည့်ဖို့ တာဆူနေသူတွေအနေနဲ့တစ်ယောက်ထဲတော့ သွားမကြည့်ကြနဲ့နော် ပြိုင်တူကြောက်ကြဖို့ သူငယ်ချင်းတွေခေါ်သွားကြပါလို့ ။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Snowpiki(MCC)

(Visited 6738 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ