Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မဟုတ်မမှန် သတင်းဖြန့်နေသူတွေကို ၆၆(ဃ) နဲ့ တရားစွဲမယ် ဆိုတဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း အောင်မြင်မှုတွေအတွက် ကြိုးစားရုန်းကန်နေပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေကို ရှိသလို အမြင်မကြည်တဲ့ ပရိသတ်တွေလဲရှိပါတယ်။ အဲ့ဒီလို အမြင်မကြည်တဲ့ သူတွေက သူမကို ပုတ်ခက်ပြောဆိုဝေဖန်နေတာတွေ ရှိနေပါတယ်။ သူမက မကြာသေးခင်ရက်ပိုင်းက စာသားလေးတစ်ချို့ရေးသားခဲ့ပြီး အဆိုပါစာသားကြောင့် မဟုတ်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သူရေးသားခဲ့တဲ့ စာသားလေးကတော့ “တစ်ကိုယ်လုံး fake တွေကြီးဘဲဘာ talent မှရှိတာမဟုတ်ဘူး ပြောတဲ့ အမကြီးက အခုတော့ ဆံပင်တုတွေနဲ့ပါလား” ဆိုတဲ့ စာလေးဘဲဖြစ်ပါတယ်။ သူမကတော့ အဲ့ဒီစာကို သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပြီး ရေးသားခဲ့တာဖြစ်တယ်လို့လဲ ဆိုပါတယ်။ ပြန်လည်ရှင်းပြထားတဲ့ စာသားလေးကတော့ “ သူငယ်ချင်း အချင်းချင်း ရန်ဖြစ်ပြီး တင်တာပါဗျာ ?? Wig ဆင်တူလေး ဘာလီသွားရင်တပ်ကြမယ်ဆိုပြီး တူတူမှာကြတာ သူငယ်ချင်းအမဟာက ပိုထူပြီးလှ လို့ ရေးလိုက်တာ ဘယ်လိုဖြစ်လို့ ရန်တွေပါ တိုက်ကုန်တာလဲ facebook ရယ် ?” လို့ ဆိုကာရေးသားခဲ့တာဘဲ ဖြစ်ပါတယ်။

အဲ့ဒီလို ဖြေရှင်းပြီးတဲ့အချိန်ထိကို ဝေဖန်တိုက်ခိုက်မှုတွေ၊ရန်တိုက်နေတာတွေ ရှိနေတာကြောင့် တရားစွဲပါမယ်ဆိုပြီးတော့ ပါထပ်မံရေးသားခဲ့ပါတယ်။ “ အသေရေ ဖျက်မှု ၆၆(ဃ) နဲ့ တရားစွဲမှာပါ။ အရင် ဂရက်တွေ မှာ ထင်မြင်ချက်တွေပေးပြီး ဆဲကြဆိုကြတာကို မုန်းလို့ကြည့်မရလို့ ပြောချင်လို့ကို ပြောတာဘဲ လို့တွေးလိုက်လို့ရတယ်။ အခုကိစ္စတော်တော် လွန်ပါတယ်။ နာမည်နဲ့ပါတပ်ပြီး ကိုယ်မပြောဘဲနဲ့ စွပ်စွဲတာက ဥပဒေနဲ့ ငြိစွန်းပါတယ်။ ဒါထားလိုက်ပါ လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။

တစ်ဖက်လူ ကိုလဲ နေခြည်အရမ်းအားနာတာဘဲ။ အထူးသဖြင့် ကိုယ် ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်နဲ့ ဒီလို မဟုတ်မမှန် သတင်းဖြန့်နေတာကို သည်းခံနေမယ့်ထဲမှာ နေခြည်ဦး မပါပါဘူး။ နေခြည့် chillies တွေလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး။ အဲ့အတွက် အခု စောင့်ကြည့်နေပါတယ်။ ဒီထပ်ပိုဆိုးလာရင် ၆၆ (ဃ) ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲပါမယ်” လို့ ဆိုပြီး သတိပေးစာရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Nay Chi OO’s fb

(Visited 5066 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ