Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မသေဆုံးခင် ဝေဠုကျော်နဲ့ နောက်ဆုံးဖုန်းပြောခဲ့တဲ့ ကိုအောင်ဇော်

သူငယ်ချင်းဖြစ်သူ အောင်ဇော်နဲ့ နောက်ဆုံးအကြိမ်ဖုန်းပြောခဲ့ရတာပါဖြစ်လို့ သူ့အနေနဲ့ တော်တော်လေးကို ဖြေမဆည်နိုင် ဖြစ်နေရတယ် ဆိုတဲ့အကြောင်းကို ဝေဠုကျော်ကပြောလာပါတယ်။ သူဟာ သူငယ်ချင်းဖြစ်သူ အောင်ဇော်နဲ့ မတွေ့ဖြစ်ကြတာ ဟာအချိန်အတော်ကြာနေပြီ ဖြစ်ပြီး မကြာခင်မှာ သူရန်ကုန်ကို ကားရိုက်ဖို့လာမယ့်အကြောင်းပြောခဲ့ပါတယ်။ ဝေဠုကျော်ကလဲ သူ မန္တလေးကိုလာမှာမို့ သူငယ်ချင်းနှစ်ယောက်ဆုံကြမယ်ဆိုပြီးလဲ ပြောခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ဝမ်းနည်းစွာနဲ့ ရေးသားပြောဆိုခဲ့ပါတယ်။

ဝေဠုကျော် ရေးသားခဲ့တဲ့ အပြည့်အစုံကတော့ “ သူငယ်ချင်း အောင်ဇော် မင်းငါ့ကို လှမ်း နှုတ်ဆက်သွားတာလားကွာ ? 7 : 08 pm မှာ ငါ့ဆီကို မင်းဖုန်းဆက်တယ် ကားရိုက်ရှိလို့ 23 ရန်ကုန်လာမလို့တဲ့ အေး ငါကမနက်ဖြန် မန္တလေးလာမှာ စပိဘုတ် တစ်စီးပါဆွဲလာရမှာ လို့ပြော တော့ ငါအိမ်မှာလာထားတဲ့ ငါကားရေဆေးခုံ ဖွင့်ထားတယ် မင်းနဲ့တွေ့ပြီးစကာတွေပြောချင်သေးတယ်တဲ့ နောက်ရက်မှဘဲ ရန်ကုန် သွားမယ်လို့ မင်းပြောတယ် …”

“ 9 း 45 pm မှာ မင်း သတင်း တက်လာလို့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး မင်းဖုန်းကို ဆက်လိုက် တော့ မင်းမိန်းမ ဖြူစင် ဖုန်းကိုင် တယ် ငိုလိုက်တာ ? ကိုဝေနဲ့ ဖုန်းပြောပြီးသိပ်မကြာဘူး ဖြစ်သွားတာတဲ့ … ကိုဝေနဲ့ဖုန်းပြောတာတွေတောင် ပြန်ပြောပြ နေသေးတယ် တဲ့ … ငါသူငယ်ချင်းကြီးအိမ်လာမယ်လို့ ပြောသွားသေးတယ် သိပ်မကြာဘူး စကားတွေပြောနေရင်းနဲ့လဲကျသွားတာတဲ့ ? ငါတို့ သူငယ်ချင်းတွေ ကိုယ့် အကြောင်းတွေနဲ့ ကိုယ်မို့ မဆုံဖြစ်တာ နှစ်ချီနေပြီ မင်းနဲ့ တွေ့ရမှာမို့ ငါပျော်နေတာ … ခုတော့ အားလုံးကို မင်းကထားသွားခဲ့ပြီ ငါဘယ်လို ဖြေရမှာလည်း သူငယ်ချင်းရယ် . . .?” လို့ ဆိုပြီး ဝမ်းနည်းကြေကွဲစွာနဲ့ ရေးသားခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကိုအောင်ဇော်ဟာ ဇူလိုင်လ ၂၁ရက်နေ့ညက နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ အနုပညာရှင် အသိုင်းအဝိုင်းမှာရော သူ့ရဲ့ မိတ်ဆွေအပေါင်းတွေကြားမှာပါ သူ့အတွက် စိတ်မကောင်းဖြစ်တဲ့ အကြောင်းတွေနဲ့ မယုံကြည်နိုင်အောင် ဖြစ်နေကြပါတယ်။ ကွယ်လွန်သူ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ကိုအောင်ဇော်တစ်ယောက် ကောင်းရာ ဘုံဘ၀ ရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ဖတ်ရှု့ပေးသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

Source – wai lu kyaw’sfb

(Visited 1110 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ