Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မလေးရှားမှာ ကားတိုက်ခံပြီး ကွယ်လွန်ခဲ့တဲ့ သားမိသုံးယောက်ကို နာရေးကို လုပ်ဆောင်ပေးတဲ့ ဦးကျော်သူ

ဇန်နဝါရီလ ၁ရက်နေ့က မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ချင်းတိုင်းရင်းသူသားအမိသုံးယောက်ရဲ့ ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အတော်လေးဝမ်းနည်းကြေကွဲခဲ့ရပါတယ် ။ အဆိုပါ ယာဥ်တိုက်မှု ဖြစ်စဥ်မှာ သားအမိသုံးယောက်လုံး သေဆုံးခဲ့ပြီး အဆိုပါ ကွယ်လွန်သွားသူတို့ရဲ့ ရုပ်အလောင်းကို မြန်မာပြည်သို့ပြန်လည်သယ်ဆောင်ကာ ရေးဝေးသုသာန်မှာ ဂူသွင်းသင်္ချိုမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်တွေကို နာရေးကူညီမှုအသင်းမှ ဦးကျော်သူအပါအဝင် ၊ အသင်းသားတွေဖြစ်ကြတဲ့ ထူးအောင်နဲ့ ထွန်းကိုကို တို့က ကူညီလုပ်ဆောင်ပေးခဲ့ကြတာဘဲ ဖြစ်ပါတယ်။   အဲ့လိုကူညီဖြစ်ခဲ့တဲ့ အကြောင်းအရင်း အပြည့်အစုံကိုတော့ ဦးကျော်သူက ခုလိုပြောပြထားပါတယ်။

“အမေများနေ့အတွက် အမေတစ်ဦးနဲ့သားငယ်နှစ်ဦ တို့၏နာရေးကူညီကုသိုလ်ယူခဲ့သည်။ မလေးရှားနိုင်ငံတွင် ၁-၁-၂၀၂၀ ရက်နေ့က ဘုရားကျောင်းသို့လာရန်အတွက် ဘတ်စ် ကားစောင့်နေသည့် ချင်းတိုင်းရင်းသူ မိခင်ဖြစ်သူ မကျိန်ရှမ်းဟွှဲ(၃၂)နှစ်နှင့် သားဖြစ်သူ မောင်ထန်ရှမ်းစံ(၄)နှစ် သားငယ်လေး မောင်သောင်ထန်းလျှံ(၂)နှစ် တို့(၃)ဦးအား ကားကြီးတစ်စီးမှ၀င်တိုက်ခဲ့ရာ သုံးဦးစလုံး ကွယ်လွန် သွားသောကြောင့် ”

“ကာယကံရှင်မိသားစု၀င်များဆွေမျိုးများမှ ရန်ကုန်သို့ သယ်ဆောင်ကာ ခရစ်ယာန်သုသာန်တွင်ဂူသွင်းရန်ဆန္ဒရှိသောကြောင့် ယမန်နေ့က လေယာဉ်ဖြင့်သယ်ဆောင်လာကာ မြောက်ဥက္ကလာဆေးရုံသို့ ကျော်သူ|ထွန်းကိုကို|ထူးအောင်တို့သုံးဦးမှ နိဗ္ဗာန်ယာဉ်သုံးစီးဖြင့် ပို့ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၉ရက်(အမေများနေ့)နေ့လည်(၁:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာဆေးရုံမှ ရေဝေးသုဿာန် ရှိ ခရစ်ယာန်သုသာန်သို့ ပို့ဆောင် ဂူသွင်းမှုကိုပြုလုပ်ခဲ့ပါသည်”

“အမေများနေ့အမှတ်တရ အဖြစ် မိခင်နှင့်သားငယ်နှစ်ဦး၏ နာရေးကိစ္စကို ကုသိုလ်ပြုဖြစ်သကဲ့သို့  ကျန်ရစ်သူခင်ပွန်း ဆွေမျိုးသားချင်းများနှင့် ထပ်တူထပ်မျှ ကျွန်တော်တို့ နာကူ(ရန်ကုန်) မှ ခံစားမိပါတော့သည်။ ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ဆိုကာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ဖတ်ရူ့ပေးသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ သားအမိသုံးယောက်အတွက်လဲ ဆုတောင်းပေးခဲ့ကြပါအုံးနော်။

Snow(mcc)
Source – kyaw thu’sfb

(Visited 4444 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ