Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မလုပ်ဖူးတဲ့ ဇာတ်ရုပ်တစ်ခုအတွက် ရင်ခုန်နေတဲ့ မယ်လိုဒီ

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့တဲ့အပြင် သူမရဲ့ အသားအရည်နဲ့ အလှအပကြောင့် ချစ်ခင်အားကြတဲ့သူတွေ၊ အားပေးဝန်းရံတဲ့ သူတွေ တော်တော်လေးများပြားခဲ့ပါတယ်။ သူမဟာ အိမ်ထောင်ကြပြီးနောက်ပိုင်း ကြော်ငြာတွေနဲ့ ပွဲတက်တွေကို သာ ဦးစားပေးလုပ်ဆောင်လာပြီး ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားတွေ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

သူမက ရုပ်ရှင်ကားအတွက် ဇာတ်ညွှန်းလေးဖတ်ရင်း ရင်ခုန်နေရတဲ့အကြောင်းလေးက်ို ” ချစ်ရတဲ့အသဲနှလုံးသားသားလေးလဲအနားမှာရှိတယ်။ အသက်ကြီးလေတန်ဖိုးပိုထားမိလာတဲ့အလုပ်အတွက်ဇာတ်ညွှန်းလေးဖတ်နေချိန်ဆိုတော့ သာယာကြည်နူးနေမိတယ်။ မလုပ်ဖူးတဲ့ဇာတ်ရုပ်မို့ရင်ခုန်ရင်း ကောင်မလေးတွေ မနာလိုသဝန်တိုမှာမြင်ယောင်ရင်းးကြည်နူးဝေစီမယ်လိုဒီ ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ဒါ့အပြင် သားသားကပါဘောကနေအတူရှိနေတာမို့ သားသား လက်ထဲက အရာလေးကိုလဲ ခုလိုပြောပြခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ” သားသားလက်ထဲက ipad မဟုတ်ပါဘူးနော် Vtech တံဆိပ် educational tablet ပါရှင် ” လို့ ဆိုပြီး ကလေးမေမေအတွက် သတင်းကောင်းပါးလိုက်ပါသေးတယ်။

မယ်လိုဒီ ကိုချစ်တဲ့ ပရိသတ်ကြီးရေ မကြာခင်မှာ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှု့ရတော့မှာမို့ ရင်ခုန်နေကြပြီလို့ထင်ပါတယ်။ အားပေးဝန်းရံကြဖို့မမေ့နဲ့နော်။

Snow(mcc)

(Visited 860 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ