Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မမှန်ကန်တဲ့သတင်းမျိုးတွေ မရေးစေချင်ဘူးလို့ ဆိုတဲ့ မျိုးကြီးရဲ့ဇနီး

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အဆိုတော်မျိုးကြီး နဲ့ပတ်သက်ပြီး ယနေ့မနက်ပိုင်းမှာ covid 19 ရောဂါကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဆို ပါသတင်းထွက်ပေါ်လာပြီးနောက် သူ့ရဲ့ပရိသတ်တွေက အရမ်းကိုစိတ်ပူခဲ့ကြပေမယ့် ဒီသတင်းဟာ မမှန်ကန်ခဲ့ပါဘူး။

အဆိုပါသတင်းနဲ့ပတ်သက်ပြီး အဆိုတော် မျိုးကြီး ရဲ့ ဇနီးဖြစ်သူက ” မမှန်တဲ့သတင်းမျိုး မသေချာဘဲ မရေးစေချင်ပါ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကလဲ မျိုးကြီးမှာ ရောဂါမရှိဘူးဆိုတဲ့အကြောင်းကို ” Case 37 က ကိုမျိုးကြီး လုံးဝမဟုတ်ပါဘူး။ စိတ်ပူပေးကြတာ ကျေးဇူးပါ။ God Bless You All 🙏🏼” လို့ ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်မှာရေးသားခဲ့တာပါ။

ရောဂါကူးစက်ခံထားရတာမဟုတ်သော်လည်း Case 37 ကလည်း အသိမိတ်ဆွေမို့ လုံးဝ စိတ်မကောင်းပါဘူးလို့ ဆိုပြီးလဲ ပြောပြခဲ့ပါသေးတယ်။ မျိုးကြီးရဲ့ ချစ်ပရိသတ်ကြီးတွေအနေနဲ့ သတင်းအမှားတွေကိုနားထောင်ပြီး စိတ်မပူကြပါနဲ့နော်။

ပရိသတ်ကြီးအားလုံးလဲ ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။ ကမ္ဘာကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ကြဘဲ လက်ဆေးဖို့လဲ မမေ့နဲ့နော်။

Snow(mcc)
Source – Lone Lone Lwin’sfb

(Visited 8477 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ