Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မပုန်းရည် ကို စောင့်ရင်း သေသွားခဲ့တဲ့ ကိုကြာစွယ်ကြီး သနားပါတယ်နော်

ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက် ရရှိထားပြီး ကြည့်ရှု့အားပေးမှုများခဲ့တဲ့ ဆူးပန်းခွေသွယ်လျက်နဲ့ ပေရွက်လိပ်နားတောင်းဆင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဧပြီလ ၁၃ရက်နေ့ညက ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဒီဇာတ်ကားဟာ ပညာရေးကိုအခြေခံထားပြီး ရွာတွေရဲ့ ဓလေ့နဲ့ ချစ်စရာကောင်းတဲ့ ရွာသူရွာသားတွေရဲ့ စရိုက်တွေကိုပေါ်လွင်အောင်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတွဲကို ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗိုလ် နဲ့ ခိုင်သင်းကြည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဘဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးပြီးသွားပေမယ့် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ခန့်စည်သူက ” မပုန်းရည် ရယ်..ခုဆိုရင် နတ်ရေကန်ရွာထိပ်က ကြာကန်ကြီးမြောက်ဖက်က ထနောင်းပင်အောက်ကို ဘယ်သူမှ မသွားရဲကြတော့ဘူးတဲ့”

“ကိုကြာစွယ်ကြီး သေထားတော့ သရဲခြောက်ခံရမှာ စိုးလို့တဲ့လေဗျာ ၊ ဗျို့….လှအုန်းမယ်.. ,ခင်ဗျားလည်း နတ်ရေကန်မယ်တော်ကြီးကို မှာပေးထားပါအုံးနော်။ ကိုကြာစွယ်ကြီးကို အဲ့ဒီမှာ စောင့်ရှောက်ထားလိုက်ပါလို့ ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ အမှတ်တရ ဓာတ်ပုံလေးတွေကိုပါဖော်ပြပေးခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲလေးဟာ ထင်မှတ်မထားဘဲကြည့်ရှု့တဲ့ပရိသတ်တွေများစွာရှိခဲ့ပြီး ဇာတ်လမ်းပြီးသွားတဲ့အထိ ပရိသတ်တွေရင်ဆွဲကျန်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ပရိသတ်ကြီးက အမှတ်ရနေတဲ့ ဇာတ်ဝင်ခန်းလေးရှိရင်ပြောပြပေးခဲ့ပါအုံးနော်။

Snow(mcc)
Source – khant sithu’sfb

(Visited 8374 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ