Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မန္တလေး ရဲ့ငလျင်ဒဏ်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဘစိုင်း

ပရိသတ်တွေကချစ်ပြီး ပရိသတ်တွေကို လေးစားတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အကြောင်းအရာ တစ်ခုခုဖြစ်ပေါ်လာချိန်တိုင်း ပရိသတ်တွေကို စိတ်ပူလေ့ရှိပါတယ်။ ယနေ့မှာလဲ မန္တလေးမြို့ရဲ့ ငလျင်ဒဏ်ကို ကိုယ်တိုင်ခံစားလိုက်ရပြီးနောက် ပုဂံကို အရမ်းကြီးစိတ်ပူခဲ့ပြီး မန္တလေးနဲ့ စပ်ဆက်နေတဲ့ မြို့နယ်တွေကိုလဲ စိတ်ကူနေကြောင်းရေးသားခဲ့ပါတယ်။

သူရေးသားခဲ့တာကတော့ ” မန်းလေးမှာ တော်တော်ခါရမ်းသွားတယ် ပုဂံ အိုကေပါရဲ့လား မုံရွာ ရွှေဘို ??? ခြေနေကောင်းပါစေ ” လို့ ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

မြေငလျင်သတင်း အတိအကျ ကတော့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁) နာရီ ၊ (၃၉)မိနစ် ၊ (၂၂) စ က္ကန့် အချိန်တွင်ကန့်ဘလူ မြေငလျင် စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း ၊ (ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက် (၁၄) မိုင် ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၅.၅၆) ဒီဂရီ ၊ အနက်(၁၀) ကီလိုမီတာ ကို ဗဟိုပြု ကာ အင်အားရစ်(ခ်)တာ စကေး (၆.ဝ) အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော မြေငလျင် တစ်ခု လှုပ်ရှား သွားကြောင်း တိုင်း ထွာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မြေငလျင် လှုပ်ခတ်မှုမှာ စစ်ကိုင်း ၊ မန္တလေး ၊ မုံရွာ ၊ ပြင်ဦးလွင် ၊ ကျောက်မဲ ၊ မိုးကုတ် ၊ ကသာ ၊ ခင်ဦး ၊ ရေဦး အစရှိတဲ့ မြို့တွေ မှာ လှုပ်သွားတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒီအကြောင်းလေးကတော့ စိုင်းစိုင်းရဲ့ ချစ်ပရိသတ်ကြီးအတွက် ရေးသားဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်အပေါင်း အန္တရာယ် ကင်းဘေးရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။

Source – SaiSaikhamleng’sfb,မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန

(Visited 875 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ