Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စင်ကာပူ မှာတောင် ရှိုးပွဲပြုလုပ်တော့မယ့် နီနီခင်ဇော်

နီနီဆိုပြီး အားပေးကြတဲ့ ချစ်ပရိသတ်တွေများပြားခဲ့တာကြောင့် သူမဟာ မြန်မာပြည်မှာလဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ပြုလုပ်လျက်ရှိသလို မကြာခင်မှာလဲ စင်ကာပူနိုင်ငံမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်တော့မှာဖြစ်ပါတယ်။ သူမက Melody World သီချင်းဆိုပြိုင်ပွဲ မှာ ပရိသတ် ရဲ့ အားပေးမှုကို စတင်ရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရှိုးပွဲတွေ နဲ့ သူမ ထုတ်လုပ်ရောင်းချတဲ့ နှုတ်ခမ်းနီတို့ကြောင့် အားပေးတဲ့ အခိုင်အမာပရိသတ်တွေ များလာခဲ့တာလဲ ဖြစ်ပါတယ်။

နီနီခင်ဇော်ရဲ့ စင်ကာပူမှာ ကျင်းပတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲက ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ညမှာ ပြုလုပ်မှာဖြစ်ပြီး သူမနဲ့အတူ အဖွဲ့သားအားလုံးကတော့ လွန်ခဲ့တဲ့ ၂ရက်လောက်ထဲက ရောက်ရှိနေကြတာလဲ ဖြစ်ပါတယ်။

သူမ သီဆိုဖျော်ဖြေမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး ” ဒီနေ့ည Party Redvolution Singapore Show ပွဲမှာ နီနီသီဆိုမယ့် သီချင်းလေးတွေရဲ့ lyrics လေးတွေပဲဖြစ်ပါတယ်…. သီချင်းစာသားလေးတွေအကုန်မရသေးတဲ့ ပရိသတ်ကြီးအားလုံးအတွက်လည်း အဆင်ပြေစေရန်အတွက်တင်ပေးလိုက်တာပါ….”

“နီနီတို့အားလုံးကတော့ ဒီနေ့ညအတွက်ကို Ready ဖြစ်နေပါပြီ…ဒီနေ့ည ရနာရီမှာ စင်ကာပူက ပရိသတ်ကြီးအားလုံးနဲ့ အတူတူဆုံချင်ပါတယ်နော်…” လို့ ဆိုကာ ရေးသားလာခဲ့ပါတယ်။

နီနီရဲ့ စင်ကာပူပွဲကိုကြည့်ဖို့ ပရိသတ်တွေ အားလုံးက အဆင်သင့်ဖြစ်နေကြပြီလို့ ထင်ပါတယ်။ သူမရဲ ရှိုးကို live အနေနဲ့ တေးသံသာ ပေ့ချ်ကနေ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

Snow(mcc)

(Visited 411 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ