Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မဆင့်ကိုအရမ်းသတိရတယ် ဆိုတဲ့ ဇူဇူးမောင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင် အကယ်ဒမီများရှင် မေသန်းနုရဲ့ တူမ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဇူဇူးမောင်ဟာ သူချစ်တဲ့ မိသားစုနဲ့အတူ ပြည်ပမှာ အခြေချနေထိုင်နေသူဖြစ်ပါတယ်။ သူက လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ အဒေါ်ဖြစ်သူ မေသန်းနု ကို အိမ်မက်မက်ပြီး သတိရတယ်ဆိုတဲ့အကြောင်းကို ရေးသားပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” အန်တီဆင့်နေကောင်းရဲ့လား😔အိပ်မက် တွေမက်ပီးအရမ်းသတိရနေမိတယ်😢😢😢” လို့ဆိုကာ သူနဲ့ မဆင့်(မေသန်းနု)နဲ့ အတူတွဲရိုက်ထားတဲ့ အမှတ်တရပုံတွေနဲ့အတူ ရေးသားခဲ့တာဖြစ်ပါတယ်။

ဇူဇူးမောင်ဟာ ငယ်ချစ်ဦးနဲ့လက်ထပ်ခဲ့ကာ လက်ရှိမှာတော့ အိမ်ထောင်သက်တမ်း ၉နှစ်ရှိပြီဖြစ်ပြီး သမီးလေးနှစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားပါတယ်။ သူဟာ အမေရိကန်နိုင်ငံ LA မှာ နေထိုင်နေပြီး မြန်မာနိုင်ငံကိုအရမ်းလွမ်းတယ်လို့ဆိုပြီးလဲ အမြဲပြောလေ့ရှိပါတယ်။

ယခုအခါမှာလဲ သူရဲ့ မိခင်လို အားကိုးပြီးသံယောဇဥ်ထားရတဲ့ မေသန်းနုကို သတိရတဲ့အကြောင်းပြောပြ ခဲ့ပါတယ်။ လတ်တ လောမှာတော့ မေသန်းနုဟာ ငွေကြေးလိမ်လည်မှုနဲ့ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ခံထားရတာဖြစ်ပါတယ်။

Snow(mcc)

(Visited 7523 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ