Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်္ဂလာဦးဆွမ်းကပ် အလှူပြုလုပ်ပြီးကြောင်း​အသိပေးလာတဲ့ အိမ့်ချစ်

ပရိသတ် အင်အားအခိုင်အမာ နဲ့ ဂီတလောကမှာ ရပ်တည်နေတဲ့ အဆိုတော် အိမ့်ချစ်ဟာ သူချစ်ရတဲ့ ချစ်သူနဲ့ မင်္ဂလာဦးဆွမ်းကျွေး ပြုလုပ်ခဲ့ပြီးဖြစ်​​တယ်လို့ ပရိသတ်ကြီးကိုအသိပေးခဲ့ပါတယ်။ သူဟာ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုလဲ နှစ်မိဘတွေရဲ့အရှေ့မှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဆွမ်းကျွေးပြုလုပ်ပြီးကြောင်းကို အိမ့်ချစ်က ” မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာမြတ်စွာဘုရားရှင်နှင့်တကွသံဃာတော်အရှင်သူမြတ်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်”

“အခြေအနေအရ လှူဒါန်းမှုသာအဓိကမို့ မည်သူ့ကိုမျှ ဖိတ်ကြားခြင်းမပြုပဲ မိသားစုနဲ့သာဆွမ်းကပ်ခဲ့တာမို့ သတင်းမီဒီယာများလဲ ယခုတင်ထားတဲ့ပုံများကို အသုံးပြုနိုင်ပါတယ်ရှင့်” လို့ဆိုပြီးလဲ ရေးသားခဲ့ပါတယ်။

အဆိုတော်အိမ့်ချစ်ဟာ အချစ်ရေးကို သိုသိုသိမ့်သိမ့်နေထိုင်တက်သူဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ပဲရစ်ကို မိသားစုနဲ့အလည် အပတ်သွားစဥ် ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းတာကို ခံခဲ့ရပြီးနောက် ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မင်္ဂလာလက်မှတ်ရေးထိုးတာရော၊ မင်္ဂလာဦးဆွမ်းကပ်အလှူကိုပါ ပြုလုပ်ခဲ့ပြီးပါပြီ။ သူ့အနေနဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလကြီးပြီးမှသာ ကျင်းပပြုလုပ်သွားတယ်လို့လဲ သိရပါတယ်။

Snow(mcc)

(Visited 17573 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ