Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်္ဂလာသက်တမ်း ၅နှစ်ပြည့်မှာ သားဖနှစ်ယောက်ရဲ့ Surprise လုပ်ပုံကို ပြောပြလာတဲ့ ဆုပန်ထွာ

ပရိသတ်ချစ်တဲ့ မင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဆုပန်ထွာက သူမချစ်တဲ့ ခင်ပွန်း၊သားလေးနဲ့အတူ ဘဝကိုအကောင်းဆုံဖြတ်သန်းနေသူတစ်ယောက်ပါ။ဘယ်လိုအခက်အခဲတွေ ဝေဖန်မှုတွေကိုမှ ဂရုမစိုက်ဘဲ မိသားစု သာယာချမ်းမြေ့ဖို့ကိုသာ ဦးစားပေးအိမ်ရှင်မကောင်းတစ်ယောက်ပါ။

သူမ က ခင်ပွန်းဖြစ်သူ ဥက္ကာကျော် နဲ့အတူ လက်ထပ်ခဲ့ကြတာဟာ ယခု ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာဆိုရင် မင်္ဂလာသက်တမ်း ၅နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ခုလို မင်္ဂလာသက်တမ်း ၅နှစ်ပြည့်တဲ့အချိန်မှာ သားဖနှစ်ယောက် ပေါင်းပြီး surprise တိုက်ခဲ့ ကြတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ ” 14.2.2020 ဒီနေ့ မင်္ဂလာဆောင်ခဲ့တာ ဘာလိုလိုနဲ့ ၅နှစ်ပြည့်ပေါ့။ အချိန်တွေမြန်လိုက်တာ။🤴မာမား 5th years Anniversary, Valentine’s Dayကွာ လိုချင်တာပြောမလား? Surprise လုပ်ရမလား ?  ပြော…..🤔🤔🤔 ဒယ်ဒယ်ရေ၊ မာမားလိုချင်တာဆိုတာဘာမှမရှိဘူး။စပရိုက်လည်းလာမတိုက်နဲ့နော်။  မဟုတ်ကဟုတ်ကအရေမရအဖတ်မရတွေဝယ်လို့ပိုက်ဆံကုန်ရင် မာမားနဲ့ကွိုင်တက်တာပဲရှိမယ်… သဘောပေါက်..🤔😂🤔”

“အာ…သူ့မေးကာမှပိုဆိုး…ဒါပဲ ဒါပဲ။ မာမား Leeco ထဲက ၃ သိန်းဖေဖေ့ဆီလွှဲပေးပါ။👸ဘာလုပ်ဖို့တုန်း? 🤴အာ…ပို့ပါဆို။👸ပြီးရော ဖေဖေယူသုံးငွေ စာရင်းထဲထည့်လိုက်ပြီ။ ဒါပဲ… 😏😏😏နောက်ဆုံးတော့လည်းဒီပိုက်ပိုက်က မာမားဆီပြန်ရောက်တာပဲ။ ဒါပေမယ့်လည်း ကျေနပ်မိပြန်ရော။မိန်းမကိုပေးဖို့ မိန်းမစိတ်ချမ်းသာဖို့ ဒီသားအဖတော်တော်စဉ်းစားရမှာ…😂😂😂”

“ဂလိုလေးဆိုတော့ ကိုယ့်စိတ်ကြိုက်လည်းပိုက်ဆံစုလို့ရ၊Valentine အတွက် ပန်းစည်းလေးလည်းရ။ အဆင်ကိုပြေလို့။ 👸😂မာမား ညကျ ၈နာရီ Lottie ကိုသားအမိနှစ်ယောက်ထွက်ခဲ့၊  Valentine Day ကွာ၊ ၅နှစ်ပြည့်ကွာ မိသားစု Dinner စားကြမယ်။ ကဲ…..ဒီ‌နေ့ အတွက် ဒီအစီအစဉ်အကြိုက်ဆုံး။ ကိုယ်ကအစားသမားကိုး 😂🤧😷တကယ်တန်းကျတော့ ဝူဟန်လာမှာစိုးလို့ သူများက ကောင်းကောင်းစားတယ်နော်။ ကောင်းကောင်းအိပ်တယ်နော်။ 😅😂😅😂😅😂😅😂”

“ဪ…ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ဘဝမှာ စိတ်ကျေနပ်စွာနဲ့တကယ်ရင်ထဲမှာ စိတ်ချမ်းသာမှသာ တကယ့်ချမ်းသာခြင်းအစစ်အမှန်တာ လက်တွေ့ခံစားရင်း..🥰💪🥰💪🥰 ကျေးဇူးပါ ဖေဖေရေ” လို့ ဆိုကာ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

သူတို့မိသားစုလေးရဲ့ ကြည်နူးစရာကောင်းပုံလေးတွေကို ကြည့်ပြီး အပျော်တွေကူးစက်နိုင်ကြပါစေနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow(mcc)

(Visited 8359 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ