Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်္ဂလာပွဲ မလုပ်ဖြစ်ပေမယ့် ဘုန်းကြီးဆွမ်းကပ်တာနဲ့ လက်မှတ်ရေးထိုးပွဲလုပ်ဖြစ်ကြောင်း အသိပေးလိုက်တဲ့ အိမ့်ချစ်ချော

လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ အဆိုတော်နေဝင်းဟာ သူ့ရဲ့ ချစ်သူကောင်မလေး နဲ့ လာမယ့်ဧပြီလမှာ မင်္ဂလာပွဲကို ကျင်းပတော့မှာ ဖြစ်တယ်လို့ ဆိုကာ ပရိသတ်ကို အသိပေးခဲ့ပေမယ့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မင်္ဂလာပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။ မင်္ဂလာပွဲကို ရက်ရွှေ့ခဲ့ပေမယ့် လက်မှတ်ထိုးတာနဲ့ ဘုန်းကြီးဆွမ်းကပ်တာကိုတော့ မိသားစုတွေနဲ့ အတူပြုလုပ်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

” April 25 မင်္ဂလာပွဲက ရက်ရွှေ့လိုက်ပါပြီနော်.. ဘယ်ရက်လည်းဆိုတာလည်း confirm မသိသေးပါဘူး၊ အခြေအနေကဘာမှန်းမသိသေးတာကြောင့်ပါ 😁 April 25 ကိုအိမ်မှာတော့ ဧည့်သည်မပါပဲ လတ်မှတ်ထိုး ဘုန်းကြီးဆွမ်းကပ်တာမျိုးတော့ လုပ်ဖြစ်ပါမယ်ရှင့် ☺️ ” လို့ ဆိုကာ နေဝင်းရဲ့ချစ်သူ အိမ့်ချစ်ချောက သူမရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

အဆိုတော်နေဝင်း နဲ့ ခရီးသွား Blogger မလေး အိမ့်ချစ်ချော တို့ဟာ ချစ်သူသက်တမ်း ၁ဝနှစ်ကျော် ရှိပြီဖြစ်ပြီး ချစ်သူကောင်မလေးကို နေဝင်းက New Years show ဆိုနေချိန် ပရိသတ်များစွာရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးကို အားကျအတုယူနေကြတဲ့ ပရိသတ်တွေများစွာ ရှိပါတယ်။

ကမ္ဘာတစ်လွှားမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပါပြီ။ လက်ရှိမြန်မာနိုင်ငံမှာ တစ်ပတ်အတွင် ကူးစက်ပျံ့နှံ့သူ ၁၄ဦးခန့်ရှိနေပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ အကြောင်းမရှိဘဲ အပြင်မထွက်ကြဖို့ ၊ အချိန်မှန်မှန်လက်ဆေးကြဖို့ ထပ်မံသတိပေးချင်ပါတယ်။

Snow(mcc)
Source – eaint chit chaw’sfb

(Visited 4275 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ