Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်္ဂလာပြန်ဆောင်ခဲ့ကြတဲ့ စည်ဖြိုး မိဘနှစ်ဦး

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မင်းသားစည်ဖြိုးဟာ အနုပညာအလုပ်တွေလုပ်ဆောင်နေရုံသာမက ရိုက်ကူးပုံဖော်တဲ့ အလုပ်ကိုပါ လုပ်ဆောင်နေပါတယ်။ သူ့ခုလိုအောင်မြင်နေတာတွေဟာ သူ့ မိခင်ရဲ့ ပံ့ပိုးမှုများစွာပါရှိပြီး တကယ့်ကိုအားကျစရာကောင်းတဲ့ မိခင်တစ်ယောက်ပါ။ စည်ဖြိုးရဲ့ မိဘတွေဖြစ်ကြတဲ့ ဦးထွန်းအောင် နဲ့ ဒေါ်သီသီဝင်းတို့ဖြစ်ပြီး အိမ်ထောင်သက်တမ်း နှစ်၃၀ ပြည့်မှာ ဒုတိယအကြိမ် မင်္ဂလာပြန်ဆောင်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။

စည်ဖြိုးရဲ့ မိဘတွေဟာ ငယ်စဉ်က ဆင်းဆင်းရဲရဲနဲ့ မင်္ဂလာဆောင်ခဲ့ရတာဖြစ်လို့ ယခုလိုပိုက်ဆံအဆင်ပြေနေတဲ့အချိန်အခါမှာ ကျရောက်လာတဲ့ မင်္ဂလာသက်တမ်းနှစ် ၃၀ ပြည့် ၊ ပုလဲရတု မင်္ဂလာနှစ်ပတ်လည်ကိုတော့ ခမ်းခမ်းနားနားကျင်းပခဲ့ကြတာလဲဖြစ်ပါတယ်။ အဆိုပါအခမ်းအနားကို အနုပညာ ညီအကိုမောင်နှမများစွာတက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်လှပါတယ်။

အဆိုပါပွဲမှာ စည်ဖြိုးကလဲ မိဘတွေကို ကန်တော့တဲ့အနေနဲ့ ဘယ်ပန်းချီရေးလို့ မမှီဆိုတဲ့ သီချင်းလေးနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ အဲ့ဒီသီဆိုထားတဲ့ဗီဒီယိုလေးကို ” မနေ့ညက ကျွန်တော်မိဘတွေရဲ့ နှစ် ၃၀ ပြည့် ပုလဲရတုမင်္ဂလာနှစ်ပတ်လည်မှာ ကျွန်တော်ပေးခဲ့တဲ့ လက်ဆောင်တွေထဲက တစ်ခု… တကယ်တော့ မိဘမေတ္တာဆိုတာ ဘယ်ပန်းချီရေးလို့မှီမှာလဲဗျာ…ဒီသီချင်းလေးနဲ့ ဖေကြီးနဲ့ မေကြီးကို ကန်တော့လိုက်ပါတယ် ခင်ဗျာ……” ဆိုကာ ဒီစာလေးနဲ့အတူရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်အပေါင်းကျေးဇူးအထူးတင်ရှိပါတယ်။ အန်တီ သီသီတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် အတွက်ကိုလဲ ယခုထက်ပိုတဲ့ပျော်ရွှင်မှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ချစ်ပရိသတ်ကြီးလဲဆုမွန်ကောင်းပေးခဲ့ပါအုံးနော်။

Source – Si phyo’s fb ,Ethi’sfb
photo – wunna khwar nee

(Visited 2126 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ