Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်္ဂလာဆောင်တဲ့ အချိန်က ဗိုက်၆လရှိနေပြီ ဆိုတဲ့အကြောင်းပြောပြလာတဲ့ စမိုင်းလ် ရဲ့ ခင်ပွန်း

အရမ်းကို ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ပရိသတ်တွေအားကျခဲ့ရတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံမှာလဲ အတိတ်က အခက်အခဲတွေများစွာကိုကျော်ဖြတ်ပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ အကြောင်းအရာတွေကို ယနေ့ကြရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်(၁၅)နှစ်ပြည့်မှာ ဖွင့်ဟပြောဆိုလာပါတယ်။ သူတို့နှစ်ယောက်မှာ ကျောင်းတက်နေရင်း ဗိုက်ကြီးသွားတာမို့ ငယ်ရွယ်သူဖြစ်လို့ အခက်အခဲများစွာရှိခဲ့တဲ့ အကြောင်းကိုပြောပြလာပါတယ်။

စမိုင်းလ် ရဲ့ ခင်ပွန်း ပြောခဲ့တာကတော့ ” September 17th 2004. ၂ယောက်သားကျောင်းတက်ရင်းဗိုက်ကြီး၊ ငယ်လည်းငယ်သေးတော့ဘာလုပ်ရမှန်းလဲမသိ။ မင်္ဂလာသွားဆောင်တော့မိန်းမဗိုက် ၆လ။ အဲဒီWedding Dress ကဆိုင်ကနေ £99 နဲ့သွားဝယ်ပြီး ညနေချက်ချင်းပြန်သွားပြီး refund လုပ်ခဲ့တဲ့ dress လေး။ Suit က Bouncer လုပ်တော့ Security company ကပေးတဲ့ uniform. ဖိတ်ထားတဲ့လူ ၅ယောက်ကို ပွဲပြီး Lunch ကျွေးဖို့ပိုက်ဆံမရှိလို့သူတို့ကပြန်ကျွေးသွားကြတယ် ”

” ဒါပေမယ့်အဲ့ဒီလွန်ခဲ့သော ၁၅နှစ်က ၁ယောက် နဲ့ ၁ယောက် ကတိပေးခဲ့တယ် For Better or For Worse.. Till Death Do Us Part. ဗိုက်ထဲကသမီးလေး ကိုယ်တွေလိုဘယ်တော့မှမမွဲစေရဘူးဆိုပြီး ၂ယောက်လုံးရုန်းကန်ကြိုးစားခဲ့တာဒီနေ့ထိပဲ။အမှတ်တရကတော့ လက်ထပ်လက်စွပ် £15 တန် ၁ကွင်းပဲဝယ်နိုင်လို့ လက်စွပ်ဝတ်ပေးတဲ့အချိန်မှာတယောက်နဲ့တယောက်ဝတ်လိုက်ချွတ်လိုက်နဲ့ ၁ကွင်းထဲကိုလဲလိုက်တယ်”

” မင်္ဂလာဆောင်ပေးတဲ့လူတောင်ရီတယ်။ အဲဒီ £15 တန်လက်စွပ်ကျွန်တော်ဒီနေ့ထိဝတ်တုန်းပဲ။ ဘယ်လက်စွပ်နဲ့မှတန်ဖိုးမတူဘူး။ ဘယ်အခြေနေဘယ်လိုပဲရောက်ရောက် ဒီပုံထဲကလိုအမြဲမောင့်ဘေးမှာပြုံးနေပေးတဲ့အတွက် ကျေးဇူးပါ။ HAPPY ANNIVERSARY CHIT 😍🥰😘❤️😍” လို့ဆိုပြီး ရေးသားလာခဲ့ပါတယ်။

စမိုင်းတို့ ဇနီးမောင်နှံဟာ ဘဝကိုကြိုးစားရုန်းကန်ရင်း အောင်မြင်တဲ့ မိသားစုဘဝကြီးကို အကောင်းဆုံး ပိုင်ဆိုင်ထားနိုင်သူလဲ ဖြစ်လာခဲ့ပါတယ်။ ယခုလို ကားတွေ ဝယ်၊ အိမ်တွေဝယ်ပြီး အပျံစားနေနိုင်ဖို့ဆိုတာ တစ်ချိန်က အတိတ်မှာ အရမ်းကို ကြိုးစားရုန်းကန်ခဲ့ရတာ ဖြစ်လို့လဲ သိခဲ့ရပါတယ်။

စမိုင်းလ် ဟာ သမီးလေး ၂ဦးနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြပါတယ်။ Happy Anniversary ပါ စမိုင်းလ်ရေ ။

Snow (MCC)

(Visited 3638 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ